DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၌ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်း ပြုလုပ်
DVB
·
December 31, 2025
ဝက်လက်မြို့နယ်၌ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်း ပြုလုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်က လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဝက်လက်သတင်းကွန်ရက်ရဲ့ တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

“ဝက်လက်​မြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ သစ်ဆိပ်ရွာ​ရဲ့ အနောက်ဘက်နားက တောတိုက်ထဲကို နေ့လယ် ၁၁ နာရီ ၄၅ လောက်မှာ ၂ ကြိမ်၊ ၁၂ နာရီခွဲလောက်မှာ ၇ ကြိမ် ဆိုတော့ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်း ပြုလုပ်သွားခဲ့တာ။”

စစ်ကောင်စီတပ်ဟာ တံတားဦးလေတပ်က တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဝက်လက်မြို့နယ် လူသားစာနာတာဝန်ခံက “သစ်ဆိပ်၊ လှေပို့ဆိပ်၊ ရွာသစ်ရွာတွေရဲ့ အနောက်ဘက် တောတိုက်ထဲကို လေကြောင်းတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ တောင်သူတွေနဲ့ စစ်ဘေးရှောင်တွေ ယာယီနေထိုင်နေကြတဲ့ တောတိုက်ဖြစ်ပါတယ်။ အနီးဆုံးရွာကတော့ သစ်ဆိမ့်ရွာဆိုတော့ သစ်ဆိမ့်ရွာခံတွေ ပိုများမယ်လို့ ယူဆရပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့တော့ ကနဦး သတင်းရထားပါတယ်။ အတိအကျ သိရနိုင်ဖို့တော့ စုံစမ်းနေဆဲ​ပါ” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဝက်လက်မြို့နယ်ထဲကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို မြေပြင်ကနေလည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာပါ။

ဒီဇင်ဘာ ၂၉ ရက်ကလည်း ဝက်လက်မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ လိန်ပင်ကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် အမျိုးသမီး  ၂ ယောက် သေဆုံးကာ အမျိုးသမီး ၃  ယောက်နဲ့ အမျိုးသားတယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013