DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယား ဒရုန်းအစင်း ၂၅၀ ကျော် ကျူးကျော်ပြီး အပစ်ရပ်ချိုးဖောက်ဟု ထိုင်းစွပ်စွဲ
DVB
·
December 30, 2025
ကမ္ဘောဒီးယား ဒရုန်းအစင်း ၂၅၀ ကျော် ကျူးကျော်ပြီး အပစ်ရပ်ချိုးဖောက်ဟု ထိုင်းစွပ်စွဲ
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံဟာ ဒရုန်းအစင်းရေ ၂၅၀ ကျော် ထိုင်းပိုင်နက်ထဲ ဝင်ရောက်ပျံသန်းခဲ့ပြီး အသစ်လက်မှတ်ထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၂၉ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်ညက ဒရုန်းတွေ ဝင်ရောက်လာတာဟာ “ရန်စတဲ့လုပ်ရပ်” ဖြစ်ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက် ပြန်လွှတ်ပေးရေးကို ပြန်စဉ်းစားရလိမ့်မယ်လို့ ထိုင်းစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဝင်းထိုင်းဆူဗာရီက သတိပေးပါတယ်‌။

လူတသန်းကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတဲ့ ဒီဇင်ဘာလ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ပြီးခဲ့တဲ့ စနေနေ့၊ ဒီဇင်ဘာ ၂၇ ရက်ကမှ အပစ်အခတ်ရပ်စဲဖို့ နှစ်နိုင်ငံ သဘောတူထားကြတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း ကတော့ ဒါဟာ ဒရုန်းအသေးစားကိစ္စသာဖြစ်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးသွားမယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကတော့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ တွေ့ဆုံပြီး နယ်စပ်အခြေအနေကို ဆွေးနွေးနေပါတယ်။

“ခက်ခက်ခဲခဲ ရယူထားရတဲ့” အပစ်ရပ်စဲမှုကို လက်လွတ်မခံကြဖို့နဲ့ တိုက်ပွဲတွေပြန်မဖြစ်အောင် ထိန်းသိမ်းကြဖို့ ဝမ်ယိက နှစ်ဖက်စလုံးကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်စလုံးက တိုက်ပွဲတွေရပ်ဖို့ သဘောတူထားပေမဲ့ နယ်စပ်မျဉ်း သတ်မှတ်ရေး ပြဿနာတွေကိုတော့ ဆက်လက်ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013