DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ပြည်သူ့ပါတီ အနိုင်ရသဖြင့် ကြံ့ခိုင်ရေးက ကန့်ကွက်
DVB
·
December 29, 2025
မြိတ်မြို့တွင် ပြည်သူ့ပါတီ အနိုင်ရသဖြင့် ကြံ့ခိုင်ရေးက ကန့်ကွက်
Donate to DVB

စစ်အုပ်စုက ပြုလုပ်တဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ပြည်သူပါတီက အနိုင်ရသွားတာကြောင့် ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်စာပို့ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြိတ်မြို့နယ်မှာ ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန်းစန်းသွယ်က အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးလင်းအောင်ကို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာကြောင့် အခုလို ကန့်ကွက်တာလို့ ဖြစ်စဥ်သိသူတယောက်က DVB ကို ပြောပါတယ်။

“ပြောရရင် ရှက်ရမ်းရမ်းတာပေါ့။ မဲတွေစပေးကတည်းက လူတွေက ဒေါ်စန်းစန်းသွယ်ကိုပဲ မဲပေးတယ်။ အဲ့ဒီကတည်းက ကြံ့ခိုင်ရေးက သူတို့ရှုံးတော့မှာကို သိတယ်။ ပသောင်းမဲရုံမှာ မဲလာပေးတဲ့သူ နှစ်ယောက်ကို မဲစာရင်းစစ်ဆေးတဲ့ဆရာမက မဲပေးရမှာ ဟိုဘက်မှာလို့ ညွှန်ပြတာကို ပြည်သူ့ပါတီကို မဲပေးဖို့ ညွန်ပြတယ်ဆိုပြီး UEC ကို ကန့်ကွက်စာပို့တယ်။ အဲ့ကိစ္စနဲ့ မဲစာရင်းစစ်ဆေးတဲ့ ဆရာမလည်းး စစ်ဆေးခံနေရတယ်။” 

မနေ့က ပသောင်းမဲရုံမှာ ဖြစ်ခဲ့တဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မဲစာရင်းစစ်ဆေးသူ ဒေါ်သီသီခိုင်ကို မဲရုံကိုယ်စားလှယ် ဦးအောင်ဆန်းလွင်က တိုင်ကြားလာတာကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့ မြိတ်မြို့နယ်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌက စာပို့တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

မြိတ်မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာကို ကြံ့ခိုင်ရေးက ဒုဗိုလ်ချုပ်ကြီး လင်းအောင်၊ ပြည်သူ့ပါတီက ဒေါ်စန်းစန်းသွယ်၊ တစညပါတီက ဦးမြတ်ဇော်ဝင်း၊ ပြည်သူ့ရှေဆောင်ပါတီက ဒေါ်လွင်လွင်ဆက်၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးဇော်မင်းလှိုင်တို့ ဝင်ပြိုင်ကြတာပါ။

မြိတ်မြို့နယ်မှာ ရပ်ကွက် ၁၂ ခုနဲ့ ကျေးရွာအုပ်စု ၂၂ ခုရှိပြီး မဲရုံပေါင်း ၈၁ ရုံ ဖွင့်လှစ်ထားကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၈,၀၇၃ ရှိတယ်လို့ ဒေသန္တရအချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013