ICJ စီရင်ချက် မြန်မာပြည်သူများအတွက် တပ်လှန့်သတိပေးချက်ဖြစ်ဟု ပြည်သူ့ပါတီ ထုတ်ပြန်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်ဟာ မြန်မာနိုင်ငံသားအားလုံးအတွက် ဂုဏ်သိက္ခာဆိုင်ရာ သတ်ဖြတ်ခြင်း (assault on dignity) ဖြစ်ပြီး တပ်လှန့်သတိပေးလိုက်တာလို့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် တဖက်သတ် ဖိအားပေးဆုံးဖြတ်ခဲ့တဲ့ ICJ စီရင်ချက်ကြောင့် နိုင်ငံတော် မပြိုကွဲရေးနဲ့ ပြည်ပဖိအားပေး ထိုးနှက်မှုတွေကို မြန်မာနိုင်ငံသားအားလုံး စုပေါင်းအားနဲ့ ညီညီညွတ်ညွတ် ရင်ဆိုင်ကြဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တဖက်မှာတော့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာအသိုက်အဝန်းက ICJ ရဲ့ အပြီးသတ် စီရင်ချက်ဟာ ရိုဟင်ဂျာတွေ တရားမျှတမှုရရေး အရေးပါတဲ့ သမိုင်းဝင်မှတ်တိုင်တခုဖြစ်ပြီး စစ်ခေါင်းဆောင်တွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာကို အဆုံးသတ်ဖို့ နိုင်ငံတကာဖိအားတွေ ပိုအားကောင်းလာစေမယ်လို့ သုံးသပ်ထားကြပါတယ်။











