DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင် မင်းအောင်လှိုင် ကြံ့ခိုင်ရေးပါတီဝင်ဖြစ်လာ 
DVB
·
September 21, 2026
Photo: Head of State
Photo: Head of State
Donate to DVB

အာဏာသိမ်းမှုကို ဦးဆောင်ကြိုးကိုင်ခဲ့သူ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ ပါတီဝင်ဖြစ်လာပြီလို့ ပါတီရဲ့တာဝန်ရှိသူတွေက တရားဝင် ထုတ်ပြောလာပါတယ်။

စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်တွေမှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် ပါတီညီလာခံအပြီးမှာ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သတင်းထောက်တွေကို ပြောသွားတာပါ။

“သမ္မတကြီး ဦးမင်းအောင်လှိုင်၊ ဒါလည်း ကျနော်တို့ ပါတီဝင် ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီအနိုင်ရအောင် စီစဉ်ကျင်းပခဲ့တဲ့ ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲအပြီး အသစ်ဖွဲ့တဲ့ စစ်အာဏာရှင်အစိုးရအဖွဲ့မှာ သမ္မတနေရာကို ယူထားတဲ့အပြင် အခုကျင်းပတဲ့ ပါတီညီလာခံမှာ ပါတီဥက္ကဋ္ဌ နေရာပါရယူဖို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ လက်တွေ့မှာတော့ အောက်ခြေနေရာဖြစ်တဲ့ ပါတီဝင်အဖြစ်သာ နေရာရခဲ့တာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲအပြီး သမ္မတ အိပ်မက်ရှိခဲ့သူ ပါတီဥက္ကဋ္ဌ ဦးခင်ရီကတော့ ၂ ရက်တာကျင်းပတဲ့ ပါတီညီလာခံမှာ ကိုယ်စားလှယ်တွေရဲ့ မဲပေးမှုနဲ့ ပါတီဥက္ကဋ္ဌနေရာကို ဆက်ပြီး ထိန်းထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပါတီတွင်း မင်းအောင်လှိုင် အုပ်စုနဲ့ ခင်ရီ အုပ်စု ဆိုပြီး အကွဲအပြဲတွေရှိနေတယ်ဆိုတဲ့အပေါ် ပါတီပြောခွင့်ရသူ ဦးလှသိန်းက ငြင်းချက်ထုတ်သွားပါတယ်။

မနေ့က ပါတီညီလာခံမှာ ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ၄၆ ယောက်ကို မဲပေးရွေးချယ်ခဲ့ကြပြီး ပါတီ ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုဥက္ကဋ္ဌတွေအဖြစ် ဦးအေးသောင်းနဲ့ ဦးမြတ်ဟိန်း၊ အတွင်းရေးမှူးတွေအဖြစ် ဦးတင်အောင်ချစ်နဲ့ ဦးအောင်စိုးတို့ကို ရွေးချယ်ခဲ့ပါတယ်။

ပါတီဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်ကတော့ ပါတီရဲ့ အတိုင်ပင်ခံအနေနဲ့ ရှိနေပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ လူရင်းတပည့်တွေလည်း ပါတီရဲ့ ဗဟိုအတိုင်ပင်ခံတွေအနေနဲ့ ရှိနေတယ်လို့လည်း ဦးလှသိန်းက သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013