DVB Logo
Home
နိုင်ငံတကာ
ကူပန်ကုမ္ပဏီက ဒေတာပေါက်ကြားမှုအတွက် တောင်းပန်၊ လျော်ကြေးပေးမည်
DVB
·
December 29, 2025
ကူပန်ကုမ္ပဏီက ဒေတာပေါက်ကြားမှုအတွက် တောင်းပန်၊ လျော်ကြေးပေးမည်
Donate to DVB

အမေရိကန်အခြေစိုက် တောင်ကိုရီးယား အွန်လိုင်းလက်လီအရောင်းကုမ္ပဏီတခုဖြစ်တဲ့ ကူပန်နိုင်ငံတကာ ကော်ပိုရေးရှင်း (Coupang) ကို တည်ထောင်သူ ကင်မ်ဘုံက မကြာသေးမီက ဖောက်သည်တွေရဲ့ အချက်အလက်ဒေတာတွေ ပေါက်ကြားမှုအတွက် ပထမဆုံးအကြိမ် တောင်းပန်လိုက်ပါတယ်။

တောင်ကိုရီးယားကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဒီဇင်ဘာ ၂၈ ရက်က တင်ထားတဲ့ ကြေညာချက်ထဲမှာ လျော်ကြေးပေးမဲ့ အစီအစဉ်ကို အမြန်ဆုံးထုတ်ပြန်ဖို့ ကတိပြုခဲ့ပါတယ်။

ကူပန်နိုင်ငံတကာ ကော်ပိုရေးရှင်းအကြီးအကဲ ကင်မ်ဘုံက “ကျနော်တို့ရဲ့ ဝန်ထမ်းအားလုံးကိုယ်စား ကျနော်စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်။ နိုင်ငံသား အများကြီး အလွန်စိတ်ပျက်နေချိန်မှာ ကျနော်အလွန်နောင်တရပါတယ်”လို့ ပြောပါတယ်။

ကင်မ်က နိုင်ငံရဲ့ အဆိုးရွားဆုံး ဒေတာခိုးယူမှုတခုနဲ့ ပတ်သက်ပြီး အခုလအစောပိုင်းက ဆိုးလ်မြို့တော်မှာ ကျင်းပခဲ့တဲ့ လွှတ်တော်ကြားနာပွဲတွေကိုတက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တောင်ကိုရီးယားမှာ အပြင်းအထန် ဝေဖန်ခံနေရပါတယ်။

တနင်္ဂနွေနေ့မှာ အာဏာရ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် ချွေးမင်းဟီက တခြား ချိန်းဆိုမှုတွေကို ကိုးကားပြီး အခုအပတ်မှာ စီစဉ်ထားတဲ့ ကြားနာပွဲကို ထပ်ပြီးတက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားတဲ့ အမျိုးသားလွှတ်တော်ဆီကို ကင်မ်ပေးပို့ခဲ့တဲ့ စာရွက်စာတမ်းရဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။

ကုမ္ပဏီဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရင်း ပေါက်ကြားသွားတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်အားလုံးကို ပြန်ရယူပြီးပြီလို့ ကင်မ်က ပြောပါတယ်။

ကူပန်ရဲ့ ဖောက်သည် ၃၃ သန်းအနက် ၃,၀၀၀ ရဲ့ အချက်အလက်တွေကို သံသယရှိသူတယောက်က သူ့ကိုယ်ပိုင်ကွန်ပျူတာမှာ သိမ်းဆည်းထားခဲ့ပေမဲ့ ဘယ်နောက်တယောက်ဆီကိုမှ လွှဲပြောင်း ရောင်းချတာ မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။

ကူပန်က တောင်ကိုရီးယားဖောက်သည်တွေအတွက် လျော်ကြေးပေးမဲ့ အစီအစဉ်ကို အမြန်ဆုံး ကြေညာမယ်လို့  အသေးစိတ်မဖော်ပြဘဲ ကင်မ်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013