DVB Logo
Home
နိုင်ငံတကာ
ဂီနီအာဏာသိမ်းစစ်ခေါင်းဆောင် အနိုင်ရရန် သေချာသည့် သမ္မတရွေးကောက်ပွဲ ကျင်းပ
DVB
·
December 29, 2025
ဂီနီအာဏာသိမ်းစစ်ခေါင်းဆောင် အနိုင်ရရန် သေချာသည့် သမ္မတရွေးကောက်ပွဲ ကျင်းပ
Donate to DVB

အနောက်အာဖရိက ဂီနီနိုင်ငံမှာ စစ်ခေါင်းဆောင် မာမဒီဒွမ်ဘူယာအနိုင်ရဖို့ သေချာသလောက် ရှိနေတဲ့ သမ္မတရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက အာဏာသိမ်းထားတဲ့ ဒွမ်ဘူယာဟာ သမ္မတဟောင်း အယ်လ်ဖာကွန်ဒီနဲ့ အတိုက်အခံခေါင်းဆောင် ဆယ်လူးဒါလိန်ဒီယာလိုတို့ အပါအဝင် အဓိကပြိုင်ဘက်တွေကို ပြည်ပကို တိမ်းရှောင်စေပြီး ဝင်ပြိုင်ခွင့် ပိတ်ပင်ထားတာကြောင့် အလွယ်တကူပဲ အနိုင်ရလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

သူဟာ အရပ်သားအစိုးရဆီ အာဏာလွှဲမယ်လို့ ကတိပေးခဲ့ပေမဲ့ ဖွဲ့စည်းပုံအသစ်ပြင်ဆင်ပြီး သမ္မတသက်တမ်း ၇ နှစ်အထိ ရယူဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ကွန်နာကရီမြို့တော်က မဲရုံမှာ ဒွမ်ဘူယာ လာရောက်မဲပေးချိန်မှာတော့ လက်နက်ကိုင် ကွန်မန်ဒိုတပ်ဖွဲ့ဝင် အများအပြား လုံခြုံရေးယူထားတာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲရလဒ်က ကြိုသိနေပြီးသားဖြစ်လို့ မဲရုံတွေမှာ လူလာရောက်မှု နည်းပါးခဲ့ပါတယ်။ ဒွမ်ဘူယာကတော့ ကမ္ဘာ့အကြီးဆုံး သံသတ္တုသိုက်ဖြစ်တဲ့ Simandou စီမံကိန်းကို စတင်နိုင်ခဲ့တဲ့အပေါ် သူ့ရဲ့ နိုင်ငံရေးအောင်မြင်မှုအဖြစ် ပုံဖော်စည်းရုံးခဲ့တာပါ။

ကုလသမဂ္ဂနဲ့ အတိုက်အခံတွေကတော့ ရွေးကောက်ပွဲကာလမှာ အတိုက်အခံတွေကို ဖမ်းဆီးတာနဲ့ မီဒီယာတွေကို ပိတ်ပင်တာတွေ ရှိခဲ့တယ်လို့ ဝေဖန်ထားကြပါတယ်။ ကနဦး မဲရလဒ်တွေကိုတော့ လာမယ့် ၂ ရက်၊ ၃ ရက်အတွင်း ကြေညာသွားဖို့ ရှိနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013