DVB Logo
Home
မြန်မာသတင်း
မြိတ်-ထားဝယ်ခရိုင်မှ ကရင်လူငယ်များနှင့် ဒေသခံများ ရွေးကောက်ပွဲကို ဆန္ဒပြ
DVB
·
December 27, 2025
မြိတ်-ထားဝယ်ခရိုင်မှ ကရင်လူငယ်များနှင့် ဒေသခံများ ရွေးကောက်ပွဲကို ဆန္ဒပြ
1 / 9
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်က ကရင်လူငယ်တွေနဲ့ ဒေသခံတွေဟာ စစ်အုပ်စုလုပ်မဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ မြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးဆီကနေ သိရပါတယ်။

မြိတ်-ထားဝယ်ခရိုင်က တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ မောတောင်မြို့အပါအဝင် ကစယ်ဒိုမြို့နယ်နဲ့ ထီးမိုပွာဒေသက ကရင်လူငယ်တွေနဲ့ ဒေသခံတွေဟာ စစ်အုပ်စုလုပ်မဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာ ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

မြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး တာဝန်ရှိသူတယောက်က  “ပြည်သူလူထုရဲ့ နေအိမ်တွေကို ဗုံးကြဲဖျက်ဆီးနေတဲ့ စစ်အုပ်စုလုပ်မဲ့ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ လက်ခံပေးလို့မရဘူး။ သူတို့လုပ်မဲ့ရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေအတွက် သက်ဆိုးရှည်စေမဲ့ဟာ ဖြစ်တယ်။ အဲအတွက်ကြောင့် ကျနော်တို့ လုံးဝ လက်ခံပေးလို့မရပါဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ကရင်လူငယ်တွေဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ‘အတုအယောက်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ’ စာသားပါ Profile တွေကို ချိန်းထားကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါသေးတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း စစ်အုပ်စုလုပ်မဲ့ရွေးကောက်ပွဲကို လက်မခံကြောင်း KNU-NUG (တပ်မဟာ ၄ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) – BCT-4 နဲ့ သဘောတူညီထောက်ခဲ့တဲ့ အဖွဲ့ ၁၅ ဖွဲ့က သဘောထား ထုတ်ပြန်ထားပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013