DVB Logo
Home
နိုင်ငံတကာ
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ကို ပြစ်ဒဏ်များထပ်မံ ချမှတ်
DVB
·
December 27, 2025
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ကို ပြစ်ဒဏ်များထပ်မံ ချမှတ်
Donate to DVB

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရာဇတ်ကို ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ 1MDB အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၆ ရက်က ရုံးတင်စစ်ဆေးမှုမှာ အာဏာ အလွဲသုံးစားမှုနဲ့ ငွေကြေးခဝါချမှုတို့အတွက် နောက်ထပ် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပြီး ဒဏ်ငွေ ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ချမှတ်ခံခဲ့ရပါတယ်။

ဒီစီရင်ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရကြီးမားတဲ့ အကျိုးဆက် ရှိနိုင်တယ် လို့လည်း ဆိုပါတယ်။ ဒီဇင်ဘာ ၂၆ ရက်မှာ နောက်ထပ် ၁၅ နှစ် ထောင်ဒဏ် ချမှတ်ခံရပြီးနောက်မှာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ဟာ မလေးရှားနိုင်ငံသားတွေကို စိတ်အေးအေးထားဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့တိုက်ပွဲကို ဆက်လက်လုပ်ဆောင်ပြီး တရားဝင်လမ်းကြောင်းတွေမှတဆင့် သူ့ရဲ့အခွင့်အရေးတွေကို တောင်းဆိုသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

နာဂျစ်ဘ်က ဒီဇင်ဘာ ၂၉ ရက်မှာ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ပြောပါတယ်။ မလေးရှားနဲ့ အမေရိကန် စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ ပြောကြားချက်အရ အရှေ့တောင်အာရှနိုင်ငံမှာ နာဂျစ်ဘ်ရဲ့ အာဏာသက်တမ်း ၉ နှစ်တာကာလအတွင်း ၂၀၀၉ ခုနှစ်မှာ နာဂျစ်ဘ်ပူးတွဲ တည်ထောင်ခဲ့တဲ့ နိုင်ငံတော်ရန်ပုံငွေတခုဖြစ်တဲ့ 1Malaysia Development Berhad (1MDB) မှ အနည်းဆုံး အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ခိုးယူခံခဲ့ရကြောင်း ဆိုထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013