
ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ လွတ်လပ်သော ကော်မရှင် ရဲ့ ပြစ်ဒဏ် ချမှတ်မှုကို အယူခံဝင်လိုက်ပြီလို့ မန်ချက်စတာစီးတီးအသင်းက သတင်းထုတ်ပြန် ပါတယ်။
ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေနဲ့ အချက်အလက်ဆိုင်ရာ ထင်ရှားတဲ့ အမှားအယွင်းတွေ ပါဝင်နေပြီး၊ အပြစ်မရှိကြောင်း ခိုင်လုံတဲ့ သက်သေတွေ ရှိတယ်လို့ မန်စီးတီးဘက်က ပြောပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွပ်စွဲချက် ၁၁၄ ချက်အတွက် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် တရားဝင်အယူခံ တင်သွင်းလိုက်တာပါ။
အမှီအခိုကင်းတဲ့ ကော်မရှင်ရဲ့ အမှားအယွင်းများစွာ ပါဝင်နေတဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင် ကြောင်း မန်စီးတီးက တုံ့ပြန်ထားထားပါတတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကတော့ ဒီဆုံးဖြတ်ချက်ဟာ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ အတွက် အရေးပါတဲ့ ရိုက်ခတ်မှုတွေ ရှိနေတာကြောင့် အခြေအနေကို စောင့်ကြည့်ပြီး လိုအပ်သလို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်ကတော့ မန်စီးတီးဟာ စပွန်ဆာစာချုပ် အတုအယောင်တွေနဲ့ ပေါင် ၈၃၀ သန်းကျော်ကို လျှို့ဝှက်ထောက်ပံ့ခဲ့တယ်လို့ သုံးသပ်ထားပါတယ်။
မန်စီးတီးအသင်းကတော့ အဘူဒါဘီအစိုးရရဲ့ ထောက်ပံ့မှုတွေနဲ့ ပတ်သက်လို့ ငြင်းဆိုထားပြီး ခိုင်မာတဲ့ သက်သေတွေ ပြသနိုင်ကြောင်း ပြောထားတာပါ။
ဒီအယူခံမှုကို အဖွဲ့ဝင် ၃ ယောက်နဲ့ အသစ်ဖွဲ့စည်းမဲ့ကော်မရှင်က သီးသန့်စစ်ဆေးကြားနာသွားမှာ ဖြစ်ပါတယ်။
Photo:Reuters










