
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မန်စီးတီးအသင်း အရေးယူခံရမဲ့ ပြစ်ဒဏ်ကို ဒီရာသီမကုန်ခင် အပြီးသတ် ချမှတ်ပေးဖို့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း တာဝန်ရှိသူ တွေက BBC Sport ကနေတဆင့် တောင်းဆိုလိုက်ပါတယ်။
မန်စီးတီးဟာ ၂၀၀၉ ကနေ ၂၀၁၈ အထိ စပွန်ဆာစာချုပ်တွေမှာ ဝင်ငွေ ပေါင်သန်း ၉၀၀ ကျော် လိမ်လည် ပိုပြခဲ့တာ အပါအဝင် စည်းမျဉ်းချိုးဖောက်မှုတွေမှာ အပြစ်ရှိကြောင်း ပရီးမီးယားလိဂ်က ဆုံးဖြတ်ထားတာပါ။
မန်စီးတီးဘက်က ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပြီး အယူခံဝင်ဖို့ ပြင်ဆင်နေပေမဲ့ ပြိုင်ပွဲအပေါ် ရိုက်ခတ်မှု မရှိစေဖို့အတွက် အယူခံကိစ္စကို ဒီရာသီအတွင်း မြန်မြန်ဆန်ဆန် အပြီးသတ်ပေးဖို့ ကလပ်အသင်းတွေက လိုလားနေကြပါတယ်။
Photo:Reuters










