DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းတိမ်းရှောင်သည့်အမျိုးသား ၁ ဦး PSMS စနစ်ကြောင့် ဖမ်းခံရ
DVB
·
December 27, 2025
စစ်မှုထမ်းတိမ်းရှောင်သည့်အမျိုးသား ၁ ဦး PSMS စနစ်ကြောင့် ဖမ်းခံရ
Donate to DVB

အဓမ္မစစ်မှုထမ်းရတာကနေရှောင်ဖို့ ရန်ကုန်ကနေ တာချီလိတ်ကိုသွားတဲ့ အမျိုးသားတယောက်ဟာ လမ်းခုလတ်မှာ PSMS စနစ်နဲ့ စစ်ဆေးခံရပြီး အဖမ်းခံလိုက်ရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက  ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်ကနေ တာချီလိတ်ကိုသွားတဲ့ ကားဟာ တောင်ကြီး-အောင်ပန်းဂိတ်ကိုရောက်ပြီး မှတ်ပုံတင်ပြရချိန်မှာ စစ်မှုထမ်းရမှာကို ရှောင်ရင်း ခရီးထွက်လာတယ်ဆိုပြီး အမျိုးသားတယောက် ဖမ်းခံရတယ်လို့ ပြောပါတယ်။

ကားအတူစီးလာသူတယောက်က “စစ်မှုထမ်းပါတယ်ဆိုပြီး ဖမ်းသွားတာ။ သူ့အမျိုးသမီးကတော့ ကျနော်တို့နဲ့ လိုက်ပါလာတယ်။ မှတ်ပုံတင်ပြရင်း အချက်အလက်တွေ အကုန်ထွက်လာတာ။ ရန်ကုန်ကနေ တာချီလိတ်ကို စစ်တပ်ဂိတ် ၂၀ လောက်ရှိမယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရပြီးနောက် ဘယ်ကိုခေါ်ပြီး ဘာလုပ်တယ်တော့ မသိရဘဲ သူ့ရဲ့ အမျိုးသမီးက သက်ဆိုင်ရာတွေနဲ့ ချိတ်ဆက်ညှိနှိုင်းဖို့ရှိတာကို သိရတယ်လို့ ဆိုပါတယ်။

ရန်ကုန်-တာချီလိတ်လမ်းတလျှောက်မှာ စစ်တပ်အထိုင်ချထားတဲ့နေရာတွေက အစစ်အဆေးများပြီး လမ်းဆင်းလျှောက်ရတာ၊ တယောက်ချင်းစစ်ဆေးတာတွေရှိသလို တချို့ဂိတ်တွေမှာ စစ်ဆေးတာ ကြာတယ်လို့ ပြောပါတယ်။

တောင်ကြီးမြို့နယ်က စစ်ကောင်စီစစ်ဆေးတဲ့ဂိတ်တွေမှာ PSMS စနစ်နဲ့စစ်ဆေးဖို့ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ညွှန်ကြားထားခဲ့တာလို့ သိရပါတယ်။

စစ်တပ်ဟာ လူတယောက်ချင်းစီကို စောင့်ကြည့်စိစစ်နိုင်တဲ့ (People Surveillance and Management System – PSMS) စနစ်ကို အသုံးပြုစစ်ဆေးပြီး လမ်းခရီးမှာ စစ်ဆေးဖမ်းဆီးတဲ့အပြင် ရန်ကုန်မြို့နယ်တွေမှာလည်း အဲဒီစနစ်နဲ့ ဧည့်စာရင်းစစ်ဆေးနေတာကို တွေ့ရပါတယ်။

မတရားအာဏာသိမ်းပြီးနောက် တနိုင်ငံလုံးမှာ တော်လှန်ခံနေရတဲ့စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်လူရွယ်တွေကို စစ်ထဲဆွဲသွင်းနေတာဟာ အခုတော့ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂၀ အထိ ရောက်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013