DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် ကာကင်းစခန်းအချို့ကို KIA သိမ်းယူပြီး တိုက်ပွဲ ဆက်ပြင်းထန်
DVB
·
December 27, 2025
ဗန်းမော်တွင် ကာကင်းစခန်းအချို့ကို KIA သိမ်းယူပြီး တိုက်ပွဲ ဆက်ပြင်းထန်
Donate to DVB

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နေရာတွေကို ခရစ္စမတ်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ကာကင်းစခန်း တချို့ကို သိမ်းယူနိုင်ခဲ့ကာ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲပဲလို့ KIAနဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက်မှာ ဗန်းမော်မြို့ထဲက အမြောက်တပ်ရင်း အမတ (၃၆၆)၊ စနခ (၆၄၁)၊ ခလရ (၄၇)၊ ၃ မိုင်၊ ဗန်းမော်တက္ကသိုလ်နဲ့ စကခ (၂၁) ဌာနချုပ်အပါဝင် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နေရာအများစုကို KIA ပူးပေါင်းအဖွဲ့က တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ အပြင်းထန်တိုက်ခိုက်ကာ စစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

အရေးပါတဲ့ ကာကင်းစခန်း တချို့ သိမ်းယူပြီး တိုက်ပွဲ ပြင်းထန်နေဆဲပဲလို့ စစ်ရေး သတင်းရင်းမြစ်တယောက်က  DVB ကို ပြောပါတယ်။

“ဒီမနက် ရှေ့တန်းက သူတွေကို မေးကြည့်တာ (၆၄၁) (၇၄) တပ်ရင်းတွေ သိမ်းမိတယ်ဆိုတာက မသေချာသေးဘူး။ အထဲကိုတော့ ဝင်နိုင်ပြီ အရေးပါတဲ့ ကာကင်းစခန်းတွေ သိမ်းနိုင်တယ် အခြေနေကောင်းတယ်လို့ပဲ သိရသေးတယ်။ တိုက်ပွဲကတော့ ဆက်ပြီး ဖြစ်နေတယ်။ စစ်ကောင်စီဘက်က အရာရှိ အဆင့် သေဆုံးတာလည်း ရှိတယ်။”

KIA ပူးပေါင်းအဖွဲ့ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် စနခ (၆၄၁)နဲ့ ခလရ (၄၇) တပ်ရင်းက တပ်ရင်းမှူးနဲ့ ဗျူဟာမှူးအဆင့် အရာရှိတွေ သေဆုံးခဲ့ကာ တပ်ရင်းနှစ်ခုလုံးကိုပါ သိမ်းယူနိုင်ဖို့ နီးစပ်နေပြီလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မှာ တိုက်ပွဲဆက်ပြီး ပြင်းထန်နေတာ မှန်ပေမဲ့ တပ်ရင်းတွေ သိမ်းဆည်းရမိတဲ့ အခြေနေနဲ့ စစ်ကောင်စီ အရာရှိအဆင့်တွေ သေဆုံးတဲ့ အခြေနေကိုတော့ လတ်တလော အတည်မပြုပေးနိုင်သေးဘူးလို့ ‌KIA က ပြောပါတယ်။

ဘက်ပေါင်းစုံအတွက် မဟာဗျူဟာအရ အရေးပါတဲ့မြို့ကို အပြည့်ဝ ထိန်းချုပ်နိုင်ဖို့အတွက် နှစ်ဖက်လုံးက အပြင်းထန် ကြိုးစားနေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

“ဗန်းမော်ဘက်မှာ တိုက်ပွဲပြင်းထန်နေတာက ဒီနေ့အထိ ဖြစ်ပါတယ်။ စခန်းသိမ်းနိုင်တဲ့ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်များများ ရေးနေကြတာ တွေ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကို ရှေ့တန်းကနေ အတည်ပြု သတင်းပေးလာတာ မရှိသေးပါဘူး။ စစ်ရေး၊ စီးပွားရေး သာမက ဘက်ပေါင်းစုံအတွက် ဗျူဟာအရ အရေးပါတဲ့ မြို့ဖြစ်တယ်။ ဒါကြောင့် ဗန်းမော်ကတော့ သူတို့လည်း (စကစ) လက်လွတ်မခံ ခုခံနေတာ ကျနော်လို့လည်း မရမက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။"

ဗန်းမော်မှာ KIA ပူးပေါင်းတပ်ရဲ့ ထိုးစစ်စတင်ချိန် KIA ဌာနချုပ် ရှိတဲ့ လိုင်ဇာမြို့ကို စစ်ကောင်စီက အသေခံ ဒရုန်း ၂ စင်းလောက်နဲ့ တိုက်ခိုက်ခဲ့ပေမဲ့ လူ အထိခိုက်တော့ မရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်ကစပြီး ဗန်းမော်မြို့ကို သိမ်းယူနိုင်ဖို့ KIA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ မြို့ထဲက အရေးကြီးတဲ့ တပ်ရင်း၊ တပ်စခန်း အများအပြားကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ ထောက်ပို့ စစ်သင်္ဘော ၁၀ စင်း ရောက်ရှိလာကာအင်အား ပြန်လည် ဖြည့်တင်းနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မြို့ထဲက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ တပ်စခန်းနဲ့ နေရာတချို့ကို တန်ပြန်ထိုးစစ်ဆင် သိမ်းယူခဲ့ပါတယ်။

ဒါကြောင့် လက်လွတ်လိုက်တဲ့ တပ်စခန်းတွေအပါဝင် မြို့ကိုပါ သိမ်းယူနိုင်ဖို့အထိ ရည်ရွယ်ပြီး ခရစ္စမတ်နေ့ကစပြီး မြို့ထဲက နေရာအစုံကနေ တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ KIA က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013