
ခရစ္စမတ်နေ့မှာ ရန်ကုန်မြို့ရောက်စစ်ဘေးရှောင်တွေနဲ့ ဘုရားကျောင်းတွေမှာ စည်ကားနေပြီး ကိုယ့်ဒေသရပ်ရွာကို ပြန်ရောက်နိုင်ဖို့ စစ်ရှောင်ပြည်သူတွေ ဆုတောင်းခဲ့ကြပါတယ်။
နှစ်တိုင်း ခရစ္စမတ်ရောက်ရင် စစ်ပွဲတွေငြိမ်းပြီး အိမ်ပြန်နိုင်ဖို့ စစ်ရှောင်ပြည်သူတွေမျှော်လင့် ဆုတောင်းခဲ့ကြပေမဲ့ သူတို့လိုချင်တဲ့ ငြိမ်းချမ်းစွာ အိမ်ပြန်နိုင်မဲ့ ခရစ္စမတ်လက်ဆောင်ကို ဖျက်ဆီးခံခဲ့ရတာကြောင့် စစ်ရှောင်ပြည်သူတွေ နှစ်စဉ် ဆုတောင်းမပြည့်နိုင်ခဲ့ပါဘူး။
ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက စိန့်မေရီဘုရားကျောင်းမှာ ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ်နေ့က ဘုရားကျောင်းတက်လာသူတွေနဲ့ စည်ကားနေခဲ့ပါတယ်။
ပလက်ဝမြို့ကနေ နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာတဲ့ ချင်းတိုင်းရင်းသူတယောက်ကတော့ နေရပ်အမြန်ဆုံး ပြန်နိုင်ဖို့ ခရစ္စမတ်ဆုတောင်းခဲ့တယ်လို့ ပြောပါတယ်။
“ဒုက္ခသည်ဖြစ်နေလို့ ဒီနေရာကိုရောက်တယ်။ ဆုတောင်းပေးဖို့လိုတာလို့။ ဘုရားသခင်တို့ ဆုတောင်းပေးပါလို့။ ပလက်ဝကလာတဲ့ ကျမက ဒုက္ခသည်ဖြစ်ပါတယ်။ ဒီနေ့က ဆုတောင်းမယ်။ တခါမှ မရောက်ဖူးဘူး။ သမီးလေးလိုက်တယ်။ ဆုတောင်းပေးပါလို့။ ကိုယ့်ပြည်နယ် ပြန်ရောက်ချင်လို့ ရောက်အောင်ဆုတောင်းပေးပါလို့။”
ရိုးရာနားကတ်တခုကိုဝတ်ဆင်ထားပြီး နဖူးမှာ ဒဏ်ရာ အနည်းငယ်ရှိတဲ့ ချင်းတိုင်းရင်းသူ အမျိုးသမီးကြီးဟာ ဒေသရပ်ရွာကို ပြန်လည်ရောက်ရှိဖို့ ဝိုင်းဝန်းဆုတောင်းပေးကြဖို့ကိုလည်း ဆန္ဒပြုလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတဝန်း မြို့ပေါင်း ၂၅၀ နီးပါး လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ဟာ စစ်ရှောင်ပြည်သူတွေ ပြောင်းရွှေ့အခြေအချလာတဲ့ နေရာတခုဖြစ်လာပါတယ်။
ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ ခရစ်ယာန်ဘာသာဝင် ကရင်ပြည်နယ်သားတယောက်ကတော့ စစ်ဘေးရှောင်မိသားစုဝင်တွေအတွက် ခရစ္စမတ်ဆုတောင်းပေးခဲ့ပါတယ်။
“လက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲအမျိုးမျိုးကြောင့် နယ်မြေအေးချမ်းသာယာမှုမရှိပဲနဲ့ နယ်မြေ ကိုစွန့်ခွာပြီးတော့ စစ်ဘေးရှောင်နေတဲ့ ပြည်သူပြည်သားတွေအများကြီးရှိတာပေါ့။ အဲ့ဒီလူတွေ အတွက်လည်း ဌာနေကို အမြန်ဆုံးပြန်လည်ရောက်ရှိပြီးတော့ အေးအေးလူလူနဲ့ သူတို့ရဲ့ လုပ်ငန်းကိုင်ငန်းတွေကို နယ်တွေမှာဆိုရင်သူတို့ရဲ့ လယ်ယာလုပ်ငန်းတွေရှိမယ်။ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရှိမယ်။ ပြန်လည်ပြီးတော့ လုပ်ကိုင်နိုင်ပြီးတော့ အေးအေးလူလူနဲ့ အမြန်ဆုံးပြန်လည်လုပ်ကိုင်နိုင်ဖို့ကို ဆုတောင်းပါတယ်။”
မြန်မာနိုင်ငံ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ်စ်မောင်ဘိုကတော့ ဒီဇင်ဘာလ ၂၄ ရက် ည၊ စိန့်မေရီ ဘုရားကျောင်းမှာကျင်းတဲ့ ခရစ္စမတ်အကြိုည မစ္ဆားတရားတော်မြတ်ဝတ်ပြုဆုတောင်းပွဲမှာ အားနည်းသူ၊ ဆင်းရဲနွမ်းပါး သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အသံကို ဦးစားပေးနားထောင်ဖို့ ဆုတောင်းခဲ့တယ်လို့ ခရစ္စမတ်သတင်းစကားစာလွှာမှာ ဖော်ပြပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေဟာ ခရစ်တော်ဖွားမြင်တဲ့ ခရစ္စမတ်နေ့မှာ မိသားစုပြန်လည်ဆုံဆည်းတာ carol သီချင်းသံ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြတာဖြစ်ပေမဲ့ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာတော့ ခရစ္စမတ်ခေါင်းလောင်းသံတွေအစား ပစ်ခတ်သံ၊ လေကြောင်းမှ ဗုံးကြဲမှု၊ မီးရှို့မှုတို့တွေ ဆက်တိုက်ကြုံတွေ့လာခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေအတွင်း ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃ သိန်းကျော်အထိရှိတယ်လို့ ခရစ်ယာန်အကူအညီပေးရေးအဖွဲ့တွေက သိရပါတယ်။
ဟန်န










