DVB Logo
Home
အားကစား
မိုဆာလာ၏ အနိုင်ဂိုးနှင့်အတူအီဂျစ်အသင်း  အာဖရိကဖလားတွင် နိုင်ပွဲဆက်
DVB
·
December 27, 2025
မိုဆာလာ၏ အနိုင်ဂိုးနှင့်အတူအီဂျစ်အသင်း  အာဖရိကဖလားတွင် နိုင်ပွဲဆက်
Donate to DVB

အီဂျစ်အသင်းဟာ အာဖရိကဖလားမှာ မိုဆာလာရဲ့ အနိုင်ဂိုးနဲ့အတူ ၂ ပွဲဆက်အနိုင်ရပြီး နောက်တဆင့်တက်သွားပါတယ်။

အီဂျစ်ဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၆ ရက်က တောင်အာဖရိကအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းပွဲချိန် ၄၅ မိနစ်မှာ ပင်နယ်တီကနေ ဆာလာသွင်းယူခဲ့တဲ့ ဂိုးနဲ့ နိုင်ပွဲ ဆက်ခဲ့တာပါ။

ပထမပိုင်းပြီးခါနီးမှာ အီဂျစ်နောက်ခံလူ ဟာနီ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရလို ဒုတိယပိုင်းကို ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပေမဲ့ ဆာလာဦးဆောင်တဲ့အီဂျစ်အသင်းက အနိုင်ရလဒ်ကို ဆက်ထိန်းနိုင်ခဲ့တာပါ။

ဆာလာဟာ ဇင်ဘာဘွေနဲ့ အုပ်စုအဖွင့်ပွဲမှာလည်း ပွဲပြီးခါနီးမှာ အနိုင်ဂိုးသွင်းပေးခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် အန်ဂိုလာနဲ့ အုပ်စုနောက်ဆုံးပွဲမကစားရခင်မှာပဲ အီဂျစ်အသင်းက ၁၆ သင်း ရှုံးထွက်အဆင့်ဆီ တက်လှမ်းဖို့ သေချာသွားပါတယ်။

အာဖရိကဖလားမှာ အိမ်ရှင်မော်ရိုကိုအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး အီဂျစ်၊ အယ်လ်ဂျီးရီးယားနဲ့ ဆီနီဂေါအသင်းတွေက ချန်ပီယံဖြစ်ဖို့ ဒုတိယရေပန်းအစားဆုံး ဖြစ်ပါတယ်။

Photo: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013