
အာဖရိကဖလား ဗိုလ်လုပွဲမှာ မော်ရိုကို ကို အနိုင်ရခဲ့တဲ့ ဆီနီဂေါအသင်းရဲ့ ချန်ပီယံဆုကို အာဖရိကဘောလုံးအဖွဲချုပ် (CAF) က ပယ်ဖျက်ခဲ့ပါတယ်။
ဒီနောက်မှာတော့ ဆီနီဂေါက အားကစားခုံရုံး (CAS) ကို အယူခံဝင်ခဲ့တာပါ။ အခုတော့ ၂၀၂၅ အာဖရိကဖလား ချန်ပီယံဆုအတွက် ဆီနီဂေါရဲ့ အယူခံပွဲရက်ကို CAS က သတ်မှတ် လိုက်ပါတယ်။ မော်ရိုကိုကတော့ ချန်ပီယံအဖြစ် ကြေညာခံထားရပါတယ်။
ဗိုလ်လုပွဲမှာ မော်ရိုကိုအတွက် နာကျင်အချိန်ပို ပင်နယ်တီရချိန် ဆီနီဂေါ ကစားသမားတွေက ကွင်းထဲက ထွက်သွားခဲ့ကာ ၁၇ မိနစ်ကြာမှ ပြန်လာပြီးနောက် ဘရာဟင်မ် ဒီယက်ဇ်ရဲ့ ပင်နယ်တီ ကို ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။
ဆီနီဂေါအတွက် ပေပေဂူယေးက အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူခဲ့တာပါ။ CAF ကတော့ ဆီနီဂေါကို ပွဲစွန့်လွှတ်တယ်လို သတ်မှတ်ပြီး မော်ရိုကို ကို (၃-၀) ဂိုးနဲ့ အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။ CAS ရဲ့ အယူခံကြားနာပွဲကို အောက်တိုဘာ ၈ ရက်မှာ ကျင်းပသွားမှာပါ။
Photo: Reuters











