
ဆီနီဂေါအသင်းဟာ ၂၀၂၅ AFCON ချန်ပီယံဆု ရုပ်သိမ်းခံထားရပေမဲ့ ပီရူးနဲ့ခြေစမ်းပွဲ မတိုင်မီမှာ ဖလားကို ပရိသတ်တွေကို လှည့်လည်ပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ဗိုလ်လုပွဲမှာ ကစားသမားတွေ ကွင်းထဲကထွက်သွားခဲ့လို့ အာဖရိကဘောလုံးအဖွဲ့ချုပ်က ဆီနီဂေါရဲ့ နိုင်ပွဲကို ပယ်ဖျက်ပြီး မော်ရိုကိုအသင်းကို ချန်ပီယံအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့တာပါ။
ဆီနီဂေါဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို မကျေနပ်လို့ အားကစားခုံရုံး (CAS) အထိ အယူခံဝင်ထားပါတယ်။
ဆီနီဂေါဟာ ချန်ပီယံ ၂ ကြိမ် ရရှိကြောင်း အထိမ်းအမှတ် ကြယ် ၂ လုံးပါတဲ့ အင်္ကျီကို ဝတ်ဆင်ကစားခဲ့ပြီး ပီရူးကိုလည်း (၂-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။










