အာဖရိကဖလားချန်ပီယံအဖြစ် ဆီနီဂေါအသင်းကို အားကစားခုံရုံး ပြန်သတ်မှတ်

ဆီနီဂေါအသင်းဟာ ၂၀၂၅ အာဖရိကဖလားပြိုင်ပွဲရဲ့ ချန်ပီယံအဖြစ် တရားဝင်ပြန်လည် သတ်မှတ် ခံရပါတယ်။
အားကစားဆိုင်ရာခုံရုံး CAS က မော်ရိုကိုနဲ့ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းကို ချန်ပီယံဆုကနေ ဖယ်ရှားခဲ့တဲ့ အရင်ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးလိုက်တာပါ။
ဒီပွဲစဉ်မှာ ဆီနီဂေါအသင်းဟာ ပယ်နယ်တီပေးလိုက်တဲ့အပေါ် ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ဝင်လာပြီး ပွဲကိုဆက်ကစားကာ ပါပေဂွေရဲ့ဂိုးနဲ့ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
CAS ခုံရုံးကတော့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ဟာ ကွင်းတွင်းကိစ္စသာဖြစ်ပြီး ပွဲကိုပြန်လည်စတင်ဖို့ ခွင့်ပြုခဲ့တာဟာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ အားကစားတရားမျှတမှုရဲ့ အောင်ပွဲ ဖြစ်ကြောင်း ကြိုဆိုခဲ့ပါတယ်။
မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ကတော့ ဒီရလဒ်အပေါ် အံ့အားသင့်ကြောင်းနဲ့ တရားဥပဒေကြောင်းအရ ဆက်လက် ရင်ဆိုင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo:Reuters











