
အာဖရိကဖလားဗိုလ်လုပွဲမှာ ကွင်းထဲကနေ ထွက်ခွါခဲ့တဲ့ ဆီနီဂေါအသင်းကို အရေးယူဖို့ တိုင်ကြားစာပေးပို့သွားမယ်လို့ မော်ရိုကိုဘောလုံးအဖွဲချုပ်က သတင်းထုတ်ပြန်ပါတယ်။
အိမ်ရှင်မော်ရိုကိုအသင်းဟာ ဗိုလ်လုပွဲ ပွဲပြီးခါနီးမှာ ပင်နယ်တီရရှိခဲ့ပေမဲ့ ဘရာဟမ်ဒီယက်ဖ် ဝင်အောင်မကန်သွင်းနိုင်ခဲ့လို အချိန်ပို အထိရောက်ခဲ့ပြီး ပွဲအပြီးမှာ ၁ ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရတာပါ။
မော်ရိုကိုအသင်း ပင်နယ်တီရရှိပြီးနောက် ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် မကျေနပ်ခဲ့တဲ့ ဆီနီဂေါနည်းပြနဲ့ အသင်းသားတွေက ကွင်းထဲကနေ ထွက်ခွါခဲ့ကြပြီး မိနစ် ၂၀ ကျော် ပွဲကို ရပ်နားခဲ့ရတာပါ။
အဲဒီလိုပွဲရပ်နားခဲ့ရတာက ပွဲရဲ့အရှိန်နဲ့ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ထိခိုက်ခဲ့ပြီး ဆီနီဂေါအသင်းကို အရေးယူဖို့အတွက် အာဖရိကနဲ့ ကမ္ဘာ့ဘောလုံးအဖွဲချုပ်တွေဆီ တိုင်ကြာသွားမယ်လို့ ထုတ်ပြန်ပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း ရုပ်သံပြကွက်တွေကိုပြန်ကြည့်ပြီး ဆီနီဂေါအသင်းကို အရေးယူမယ်လို့ ထုတ်ပြန်ထားသလို ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုကလည်း လက်မခံနိုင်စရာဖြစ်ရပ်အဖြစ်ဝေဖန်ခဲ့ကာ သက်ဆိုင်ရာအာဖရိက အဖွဲ့ချုပ်ကနေ အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။
Photo:Reuters











