DVB Logo
Home
မြန်မာသတင်း
နမ့်ပေါင်လေတပ်စခန်းကို KIA က လက်နက်ကြီးများဖြင့် ပစ်ခတ်
DVB
·
December 25, 2025
နမ့်ပေါင်လေတပ်စခန်းကို KIA က လက်နက်ကြီးများဖြင့် ပစ်ခတ်
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးက နမ့်ပေါင်လေတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  လက်နက်ကြီးတပ်ဖွဲ့က ဒီဇင်ဘာ ၂၅ ရက် မနက်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်ရေး လေယာဉ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဝိုင်းမော်မြို့နယ် ရှေ့တန်း လက်နက်ကြီးတပ်သားတယောက်က အတည်ပြုပြောဆိုပါတယ်။

KIA  လက်နက်ကြီးတပ်ဖွဲ့က နမ့်ပေါင်လေတပ်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ရပ်နားထားတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ဟုတ်တယ်၊ အဲလိုအခြေအနေဖြစ်တယ်ပေါ့၊ အဲ သတင်းကမှန်တယ်။ အဲဘက်မှာ အလုပ်ဝင်တဲ့ သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့လည်း အတည်ပြုတယ်။ ကျနော်တို့ သူငယ်ချင်းတွေပဲ သွားပြီး ပစ်ခတ်ခဲ့တာဟုတ်တယ်၊ ဒီနေ့မနက် ၁၀ နာရီ ၁၁ နာရီဝန်းကျင်လောက်မှာ လေယာဉ်ကွင်းဘက် တောက်လျှောက်ပစ်ထည့်နေတာ” လို့ ရှေ့တန်း လက်နက်ကြီးတပ်သားက ပြောပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် Mi-17 ရဟတ်ယာဉ်နဲ့ K8W တိုက်လေယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့တာနဲ့ ပတ်သက်ပြီး DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီဇင်ဘာ ၂၅ ရက် မနက်အစောပိုင်းမှာပဲ KIA က ရပ်နားထားတဲ့ မြို့သိမ်းတိုက်ပွဲကို ပြန်လည်စတင်နေပြီးတော့ ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ဗန်းမော်မြို့တိုက်ပွဲကြောင့် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားတဲ့ ဗန်းမော်-မိုးမောက် ၅ မိုင်ပတ်ဝန်းကျင်၊ ခလရ ၄၇ ပတ်ဝန်းကျင် စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီကလည်း KIA ထိန်းချုပ်ထားတဲ့ လိုင်ဇာမြို့ကို မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ တိုက်ိခုက်ခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013