DVB Logo
Home
နိုင်ငံတကာ
ကနေဒီစင်တာမှ ထရမ့်ပ် အမည် ပြန်ဖြုတ်ပေးရန် ဒီမိုကရက်အမတ် တရားစွဲ
DVB
·
December 25, 2025
ကနေဒီစင်တာမှ ထရမ့်ပ် အမည် ပြန်ဖြုတ်ပေးရန် ဒီမိုကရက်အမတ် တရားစွဲ
Donate to DVB

တင်ဆက်မှုအနုပညာဆိုင်ရာ ဂျွန်အက်ဖ်ကနေဒီ စင်တာအမည်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ နာမည် တွဲလျက်တပ်ဆင်ထားတာကို ပြန်ဖြုတ်ပေးဖို့ ဒီမိုကရက်အမတ် ဂျွိုက်စ်ဘက်တီက တရားစွဲဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က သမ္မတ ထရမ့်ပ်ရဲ့ မဟာမိတ်တွေ လွှမ်းမိုးထားတဲ့ စင်တာဘုတ်အဖွဲ့က အဆောက်အအုံကို ထရမ့်ပ်-ကနေဒီစင်တာအဖြစ် နာမည်ပြောင်းဖို့ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော်က အတည်မပြုဘဲ အခုလို နာမည်ပြောင်းလဲတာဟာ တရားမဝင်ဘူးလို့ ဘုတ်အဖွဲ့ဝင်လည်းဖြစ်သူ ဘက်တီက ဆိုပါတယ်။

နာမည်ပြောင်းတဲ့ ဘုတ်အဖွဲ့အစည်းအဝေးကို တက်ခွင့်ရခဲ့ပေမဲ့ ကန့်ကွက်ဖို့ ကြိုးစားချိန်မှာ အသံပိတ်ခံခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

အိမ်ဖြူတော်ကတော့ ထရမ့်ပ်ဟာ စင်တာရဲ့ ဘဏ္ဍာရေးကို အားကောင်းစေပြီး အဆောက်အအုံကို ခေတ်မီအောင် လုပ်ပေးခဲ့သူဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ အဆောက်အအုံအပြင်ဘက်မှာ ထရမ့်ပ်ရဲ့နာမည် တပ်ဆင်လိုက်သလို ဝက်ဘ်ဆိုက်မှာလည်း ထရမ့်ပ်-ကနေဒီစင်တာလို့ ပြောင်းလဲဖော်ပြထားပါတယ်။

သမ္မတဟောင်း ကနေဒီရဲ့ မြေးတော်စပ်သူ ဂျိုးကနေဒီ ၃ ကတော့ ဒါဟာ လင်ကွန်း အထိမ်းအမှတ် နေရာကို နာမည်ပြောင်းသလိုမျိုး ဖြစ်နေကြောင်း ဝေဖန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013