DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းတပ်များ အရှေ့ပိုင်းမှ ဆုတ်ပေးရမည့် အချက် ၂၀ မူကို ဇလန်းစကီး သဘောတူ
DVB
·
December 25, 2025
ယူကရိန်းတပ်များ အရှေ့ပိုင်းမှ ဆုတ်ပေးရမည့် အချက် ၂၀ မူကို ဇလန်းစကီး သဘောတူ
Donate to DVB

NATO အဖွဲ့ဝင်ဖြစ်တာနဲ့ ထပ်တူကျတဲ့ လုံခြုံရေးအာမခံချက်ပေးဖို့ ကမ်းလှမ်းထားသလို ယူကရိန်းတပ်တွေ အရှေ့ပိုင်းဒေသကနေ ဆုတ်ခွာပေးရမဲ့ အမေရိကန်ရဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို သဘောတူလိုက်ပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောကြားလိုက်ပါတယ်။

ယူကရိန်းတပ်တွေ အရှေ့ပိုင်းဒေသကနေ ဆုတ်ခွာပေးပြီး အဲဒီနေရာမှာ စစ်မဲ့ဇုန်တခု ဖန်တီးမယ်လို့ ရုရှားဘက်ကို ကမ်းလှမ်းထားတဲ့ အစီအစဉ်အသစ်ကို ဇလန်းစကီးက ချပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ နဲ့ ၂၁ ရက် သီတင်းပတ်ကုန်မှာ ဖလော်ရီဒါပြည်နယ်မှာ သဘောတူခဲ့ကြတဲ့ ဒီအစီအစဉ်ကို အမေရိကန်ဘက်က ရုရှားကို ချပြအပြီး ရုရှားရဲ့တုံ့ပြန်မှုကို မကြာမီ သိရမယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ဟာ စစ်ပွဲအဆုံးသတ်ရေး ပင်မမူဘောင်ဖြစ်ပြီး ရုရှားကသာ ယူကရိန်းကို ထပ်ကျူးကျော်ရင် အမေရိကန်၊ NATO နဲ့ ဥရောပနိုင်ငံတွေ ပူးပေါင်းပြီး စစ်ရေးအရ တုံ့ပြန်မယ်ဆိုတဲ့ အာမခံချက် ပါဝင်ပါတယ်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသအရေး အတွက်တော့ “လွတ်လပ်တဲ့စီးပွားရေးဇုန်” ထူထောင်ဖို့က ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတခုလို့ ဇလန်းစကီးက ပြောပါတယ်။

ဒါပေမဲ့ စစ်မဲ့ဇုန်လုပ်ဖို့အတွက် ယူကရိန်းဘက်က ၅ ကီလိုမီတာ၊ ၁၀ ကီလိုမီတာ၊ ၄၀ ကီလိုမီတာ စသဖြင့် တပ်ဆုတ်ပေးရင် ရုရှားဘက်ကလည်း အဲဒီပမာဏအတိုင်း လိုက်လံဆုတ်ပေးရမယ်လို့ ဇလန်းစကီးက အလေးအနက် ပြောထားပါတယ်။

မူကြမ်းသစ်အရ ယူကရိန်းဟာ စစ်သည်အင်အား ၈ သိန်းအထိ ထားရှိခွင့်ရမှာဖြစ်ပြီး တပ်ဆုတ်ပေးရတဲ့ နေရာတွေမှာ ယူကရိန်းကပဲ လုံခြုံရေးတာဝန်ယူသွားမယ်လို့ ဆိုပါတယ်။

ဒါဟာ မူလက ရုရှားရဲ့ သဘောထားတွေ အများကြီးပါတယ်လို့ ဝေဖန်ခံရတဲ့ အချက် ၂၈ ချက်ပါ အစီအစဉ်ကို ပြင်ဆင်မွမ်းမံထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013