DVB Logo
Home
နိုင်ငံတကာ
မော်စကိုတွင် ဗုံးပေါက်ပြီး ရဲအရာရှိ ၂ ဦး အပါအဝင် ၃ ဦးသေဆုံး
DVB
·
December 24, 2025
မော်စကိုတွင် ဗုံးပေါက်ပြီး ရဲအရာရှိ ၂ ဦး အပါအဝင် ၃ ဦးသေဆုံး
Donate to DVB

ရုရှားမြို့တော် မော်စကိုမှာ လွန်ခဲ့တဲ့ ၂ ရက်က ကားဗုံးပေါက်ကွဲမှုကြောင့် အကြီးတန်း ဗိုလ်ချုပ်ကြီးတယောက် သေဆုံးခဲ့တဲ့နေရာနားမှာ ဒီဇင်ဘာ ၂၄ ရက်က သံသယဖြစ်စရာကောင်းတဲ့ အမျိုးသားတယောက်ဆီ ရဲအရာရှိ ၂ ယောက်က ချဉ်းကပ်ချိန် ဗုံးပေါက်လို့ လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။

ရဲအရာရှိ ၂ ယောက်ဟာ ထူးထူးဆန်းဆန်းပြုမူနေတဲ့ အမျိုးသားတယောက်ဆီ ချဉ်းကပ်ချိန်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းကြောင့် သေဆုံးခဲ့ပြီး တတိယလူတယောက်လည်း သေဆုံးခဲ့တယ်လို့ ရုရှား နိုင်ငံတော် စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။

တတိယလူက ဘယ်သူဘယ်ဝါ ဆိုတာကို တိတိကျကျ မဖော်ပြခဲ့ပါဘူး။

ဥပဒေစိုးမိုးရေးအရာရှိတွေကို သတ်ဖြတ်မှုနဲ့ ဗုံးတွေ တရားမဝင်ရောင်းဝယ်မှုဆိုင်ရာ စည်းကမ်းချက်တွေအောက်မှာ ရာဇဝတ်မှုဆိုင်ရာ အမှုတွေကို ဖွင့်လှစ်ခဲ့တယ်လို့ ကော်မတီက ပြောပါတယ်။

ဗုံးခွဲသူဟာ သေဆုံးသူတွေထဲက တယောက်ဖြစ်ပြီး အရာရှိတွေ ချဉ်းကပ်လာချိန်မှာ ဗုံးကို ဖောက်ခွဲခဲ့တာလို့ တရားဝင်မဟုတ်တဲ့ ရုရှား တယ်လီဂရမ် သတင်းဌာနတွေက ဖော်ပြပါတယ်။

အသေးစိတ်အချက်အလက်တွေကို သီးခြား လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။

ပေါက်ကွဲမှုဟာ ရုရှားစစ်ဦးစီးချုပ်ရဲ့ တပ်မတော်စစ်ဆင်ရေး လေ့ကျင့်ရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဖနီးလ် စာဗာရော့ဗ် တနင်္လာနေ့က သတ်ဖြတ်ခံရတဲ့ နေရာနဲ့  အလွန်နီးနီးမှာ ဖြစ်ခဲ့တာပါ။

သတ်ဖြတ်မှုနောက်ကွယ်မှာ ယူကရိန်းပါတယ်လို့ သံသယရှိကြောင်း ရုရှားက ပြောပေမဲ့ ယူကရိန်းကတော့ တရားဝင်မှတ်ချက်မပေးပါဘူး။

စစ်ရာဇဝတ်ကောင်တွေ ဒါမှမဟုတ် သစ္စာဖောက်တွေအဖြစ် ဖော်ပြခံရသူတွေရဲ့ သတင်းအချက်အလက်တွေကို ပံ့ပိုးပေးတဲ့ တရားဝင်မဟုတ်တဲ့ ယူကရိန်းဝက်ဘ်ဆိုက် မိုင်ရိုတိုးရပ်စ်က ဆာဗာရော့ဗ်ရဲ့ နောက်ဆုံးရ မှတ်တမ်းကို တင်ပြခဲ့ပြီး အသက် ၅၆ နှစ်အရွယ် ဗိုလ်ချုပ်ကြီးကို “ရှင်းလင်း” ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲကို ထောက်ခံတဲ့ နာမည်ကြီးသူတွေနဲ့ ရုရှားစစ်တပ်က အထင်ကရ ပုဂ္ဂိုလ်တွေဟာ ၄ နှစ်ကြာ ပဋိပက္ခအတွင်း ဆက်တိုက် လုပ်ကြံခံခဲ့ရပြီး တိုက်ခိုက်မှုတွေက သူတို့ရဲ့လက်ချက်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးတွေက ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013