DVB Logo
Home
မြန်မာသတင်း
ငပလီတွင် အခမဲ့အင်္ဂလိပ်စာသင်ကြားပေးသည့် မာမီဆူးကို ဗြိတိန်တော်ဝင်မိသားစုက MBE ဆုချီးမြှင့်
DVB
·
December 24, 2025
ငပလီတွင် အခမဲ့အင်္ဂလိပ်စာသင်ကြားပေးသည့် မာမီဆူးကို ဗြိတိန်တော်ဝင်မိသားစုက MBE ဆုချီးမြှင့်
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေမြို့မှာ အခမဲ့အင်္ဂလိပ်စာသင်ကျောင်း တည်ထောင်ပြီး စာသင်ပေးနေတဲ့ The Vera Thomson English School ကျောင်းတည်ထောင်သူ မာမီဆူးကို ဗြိတိန်တော်ဝင်မိသားစုက MBE ဆုချီးမြှင့်လိုက်ပါတယ်။

ဒီဇင်ဘာ ၆ ရက်က ဗြိတိန်တော်ဝင်မိသားစု အခမ်းအနားတခုမှာ မာမီဆူးကို Member of the Order of the British Empire (MBE) ဆုကို ချီးမြှင့်လိုက်တာလို့ ဆုယူဓာတ်ပုံတွေကို The Vera Thomson English School က ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

မာမီဆူး ချီးမြှင့်ခံရတဲ့ MBE ဆုဟာ ဗြိတိန်နိုင်ငံက လူမှုဝန်ထမ်း၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ ကဏ္ဍတွေမှာ ထူးခြားစွာ အကျိုးပြုလုပ်ဆောင်သူတွေကို အသိမှတ်ပြု ချီးမြှင့်တဲ့ ဆုတခုလည်း ဖြစ်ပါတယ်။

မာမီးဆူးနဲ့ သူခင်ပွန်းတို့ဟာ ငပလီမြို့မှာ ၂၀၀၁ ခုနှစ်ကတည်းက The Vera Thomson English School ကျောင်းကို တည်ထောင်ပြီး ဒေသခံကလေးတွေကို အင်္ဂလိပ်စာနဲ့ ဂီတပညာရပ်တွေကို အခမဲ့ သင်ပေးခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ မဖြစ်ပွားခင်အထိ စာသင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

The Vera Thomson English School ကျောင်းဟာ ငပလီဒေသခံတွေကို အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမှုနဲ့ ပညာရေးအဆင့်မြှင့်တင်နိုင်ဖို့အတွက် အများကြီး အထောက်အပံ့တွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

The Vera Thomson English School ကျောင်းဟာ ကျောင်းစတင်တည်ထောင်ချိန်ကနေ ၂၀၂၃ ခုနှစ်အထိ ကျောင်းသားပေါင်း ၁၅,၀၀၀ လောက်ကို အင်္ဂလိပ်စာနဲ့ ပညာသင်ကြားမှုတွေကို ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013