DVB Logo
Home
မြန်မာသတင်း
ဗြိတိန်တော်ဝင်မိသားစုဝင် ဆိုဖီ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်
DVB
·
November 11, 2026
Photo: RRRC
Photo: RRRC
Donate to DVB

ဗြိတိန်တော်ဝင်မိသားစုဝင်တယောက်ဖြစ်တဲ့ အက်ဒင်ဘာရာ မြို့စားကတော် ဆိုဖီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ကော့ဇ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ လန်ဒန်အခြေစိုက် The Standard သတင်းမှာ နိုဝင်ဘာ ၁၀ ရက်က ဖော်ပြပါတယ်။

ဆိုဖီဟာ  ယူကေဘုရင် ချားလ်စ်ရဲ့ ညီတော် အက်ဒင်ဘာရာမြို့စား အက်ဒဝပ်ရဲ့ ကြင်ယာတော် ဖြစ်ပြီး ဒီခရီးစဉ်ဟာ အမျိုးသမီးတွေ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ မင်းသမီး ပုံမှန်ပါဝင်ဆောင်ရွက်နေတဲ့ လုပ်ငန်းရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

မြို့စားကတော် ဆိုဖီဟာဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှု ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လူနေမှုဘဝအခြေအနေတွေကို ကိုယ်တိုင်  လေ့လာဖို့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဆီ နိုဝင်ဘာ ၁၀ ရက်က သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားထောင်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မင်းသမီး ဆိုဖီက “သူတို့ ရင်ဆိုင်နေရတဲ့ လက်တွေ့ဘဝနဲ့ အခက်အခဲတွေကို မြင်ရတာ တကယ်ပဲ စိတ်မကောင်းစရာပါ။ ဘဝက ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကို သူတို့က သတ္တိရှိရှိနဲ့ ကျမကို ပြောပြခဲ့ကြတယ်။ ကျမ ဒီကိုလာတာဟာ ‘ကျမတို့ သူတို့နဲ့အတူရှိနေတယ်၊ ကျမတို့ သူတို့ကို ပစ်ပယ်ထားမှာမဟုတ်ဘူး’ ဆိုတာကို ပြောပြချင်လို့ပါ” လို့ ပြောပါတယ်။

ဒါ့အပြင် စခန်းအမှတ် ၄ မှာ နေထိုင်ကြတဲ့ ကလေးတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ပညာရေးနဲ့ အတွေ့အကြုံတွေကိုလည်း မေးမြန်းလေ့လာခဲ့သလို UNICEF ရဲ့ သင်ကြားရေးဗဟိုဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) က ဦးစီးထားတဲ့ “အမျိုးသမီးနှင့် မိန်းကလေးငယ်များ ဘေးကင်းလုံခြုံရေးစခန်း” တွေကိုလည်း သွားရောက်ခဲ့ပါတယ်။ 

ဒါ့အပြင် ဒေသခံ NGO အဖွဲ့တခုဖြစ်တဲ့ PHALS က စခန်းအတွင်း ဦးစီးလုပ်ကိုင်နေတဲ့ ဆပ်ပြာစက်ရုံဆီလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ဒီလေ့လာရေးဟာ ပုံမှန်အလုပ်အကိုင် အခွင့်အလမ်း အကန့်အသတ်ရှိတဲ့ နေရာတွေမှာ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကနေတတဆင့် ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ စီးပွားရေးနဲ့ မိမိကိုယ်ကို အားကိုးနိုင်စွမ်းကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲဆိုတာကို ပြသဖို့ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံတွင်းမှာ စစ်အာဏာရှင်အစိုးရအဆက်ဆက် လူ့အခွင့်ရေး ချိုးဖောက်ခံရမှုတွေကြောင့် ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာကတည်းက သွားရောက်ခိုလှုံနေကြတာပါ။

၂၀၁၇ ခုနှစ်မှာတော့ စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းရေး နယ်မြေရှင်းလင်းစစ်ဆင်ရေးမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထပ်မံထွက်ပြေးသွားကြပြီး အခုအချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည် ဦးရေဟာ  ၁ ဒသမ ၂ သန်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကယ်လီကာရီဟာလည်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့သူတွေရဲ့ ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေကို လေ့လာသုံးသပ်ဖို့ နိုဝင်ဘာ ၁၁ ရက် ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၈ ရက်ကြာခရီးစဉ် စတင် သွားရောက်နေပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး အခုလအတွင်း စီရင်ချက်ချဖို့ ရှိနေပါတယ်။ 

Source: The Standard 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013