DVB Logo
Home
နိုင်ငံတကာ
ပြန်ပေးဆွဲ လူသတ်မှု ကျူးလွန်သူကို တရုတ်နှင့် ဖိလစ်ပိုင် ပူးပေါင်းဖမ်းဆီး
DVB
·
December 24, 2025
ပြန်ပေးဆွဲ လူသတ်မှု ကျူးလွန်သူကို တရုတ်နှင့် ဖိလစ်ပိုင် ပူးပေါင်းဖမ်းဆီး
Donate to DVB

တရုတ်နဲ့ ဖိလစ်ပိုင် ဥပဒေစိုးမိုးရေး အာဏာပိုင်တွေဟာ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်တဲ့ သံသယရှိသူ ရှိချွန်ဖန်းကို ဖမ်းမိဖို့ မကြာသေးမီက ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

နှစ်ဖက်စလုံးက ရဲအရာရှိတွေဟာ ရှိချွန်ဖန်းကို တရုတ်နိုင်ငံဆီ ပြန်ပို့ဖို့ လေယာဉ်နဲ့ လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။

ရှိချွန်ဖန်းဟာ  တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား ပြန်ပေးဆွဲမှုတွေနဲ့ လူသတ်မှုတွေ အပါအဝင် ပြင်းထန်တဲ့ ရာဇဝတ်မှု အများကြီး ကျူးလွန်သူအဖြစ် သံသယရှိခံထားရပါတယ်။

သူဟာ ၂ နှစ်ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။ နှစ်ဖက်စလုံးရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းချက်တွေ အပြီးမှာ ဖိလစ်ပိုင်ထဲက သူပုန်းအောင်းရာနေရာကို မကြာသေးမီက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးဟာ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့နဲ့ သားကောင်တွေအတွက် တရားမျှတမှုရဖို့ တရုတ်အစိုးရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ဖိလစ်ပိုင်အာဏာပိုင်တွေရဲ့ တက်ကြွတဲ့ ပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်တို့ နိုင်ငံတကာ ရာဇဝတ်မှုတိုက်ဖျက်ရေး ပူးတွဲကြိုးပမ်းချက်တွေထဲက နောက်ထပ် သိသာထင်ရှားတဲ့ အောင်မြင်မှုတရပ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ အွန်လိုင်းလောင်းကစား၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်တာနဲ့ လူကုန်ကူးမှုတို့လို ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်မှုကို တင်းတင်းကျပ်ကျပ် တိုက်ဖျက်ဖို့ ဖိလစ်ပိုင်နဲ့ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်ပြီး အားကောင်းကောင်း ဆောင်ရွက်သွားမယ်လို့လည်း တရုတ်အစိုးရ မီဒီယာက ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013