DVB Logo
Home
နိုင်ငံတကာ
Walmart ကုန်တိုက်၌ ပစ္စည်းခိုး သံသယရှိသူ ၁ ဦးက ရဲကို သေနတ်ဖြင့်ပစ်ရန် ကြိုးပမ်း
DVB
·
December 24, 2025
Walmart ကုန်တိုက်၌ ပစ္စည်းခိုး သံသယရှိသူ ၁ ဦးက ရဲကို သေနတ်ဖြင့်ပစ်ရန် ကြိုးပမ်း
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်၊ ကန်တွန်မြို့ရှိ Walmart ကုန်တိုက်မှာ ဒီဇင်ဘာ ၁၈ ရက်က ပစ္စည်းခိုးသူတယောက်ဟာ သေနတ်ကို ဆွဲထုတ်ပြီး ရဲအရာရှိတယောက် ကို ချိန်ရွယ်ခဲ့တဲ့ အခိုက်အတန့်ကို ရဲဝတ်စုံမှာ တပ်ဆင်ထားတဲ့ Bodycam မှတ်တမ်းဗီဒီယိုမှာ အထိတ်တလန့် တွေ့မြင်ရပါတယ်။

အသက် ၂၁ နှစ်အရွယ် သံသယရှိသူဟာ Walmart ကုန်တိုက်ရဲ့ ရုံးခန်းမှာ အဖော်တယောက်နဲ့အတူ ထိုင်နေချိန်မှာ သေနတ်ကို ဆွဲထုတ်လိုက်ပြီးတော့ ရဲအရာရှိကို ချိန်ရွယ်ခဲ့ကြောင်းကို ဗီဒီယိုမှာ ပြသထားပါတယ်။ 

အဲဒီနောက် Walmart ဝန်ထမ်းတယောက်က  သံသယရှိသူကို မြေပြင်ပေါ်ကို လှဲချခဲ့ပြီး ရဲအရာရှိက လက်ထိတ်ခတ်ခဲ့ပါတယ်။

သံသယရှိသူကိုတော့ လူသတ်ရန်ကြံစည်မှု၊ ငြိမ်းချမ်းရေး အရာရှိ တယောက်ကို ရိုင်းစိုင်းစွာ တိုက်ခိုက်မှုနဲ့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုတို့နဲ့ ဖမ်းဆီးခဲ့ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013