DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် စပါးအထွက်နည်းပြီး ဈေးကောင်းမရသဖြင့် တောင်သူများ အရှုံးပေါ်
DVB
·
December 24, 2025
ရွှေဘိုတွင် စပါးအထွက်နည်းပြီး ဈေးကောင်းမရသဖြင့် တောင်သူများ အရှုံးပေါ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲမှာ ဘေးကြား (ပေါ်ဆန်းမွှေး) စပါးရိတ်သိမ်းပြီးချိန်မှာ စပါးစျေးကွက် အဝယ်ရှိပေမဲ့ အထွက်နည်းပြီး ဈေးကောင်းမရတာကြောင့် အရှုံးပေါ်နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

လက်ရှိ ရွှေဘိုမြို့နယ်မှာ ရာသီအခါ ဘေးကြားစပါး (ပေါ်ဆန်းမွှေး) ရိတ်သိမ်း ရောင်းချနေချိန်ဖြစ်ပြီး ဘေးကြားစပါးစျေးက (တင်း ၁၀၀) အမြင့်ဆုံး ၃၆ သိန်းသာ ရရှိတာကြောင့် စပါးအထွက်နည်းပြီး အမြတ်မရဘဲ အရှုံးပေါ်တယ်လို့ တောင်သူတယောက်က ပြောပါတယ်။

စပါးစိုက်ဖို့ လယ်တဧက ကုန်ကျစရိတ်က ငွေကျပ် ၁၅ သိန်းအထက် ကုန်ကျပြီး လယ်တဧကကို စပါး ၃၅ တင်းထွက်တဲ့ တောင်သူတွေက အရှုံးပြပြီး စပါး ၅၀ တင်းထွက်တဲ့ တောင်သူတွေက စပါးပေါက်ဈေးငွေနဲ့ တွက်ကြည့်ရင် ၂ သိန်း ၃ သိန်းသာ ကျန်တာကြောင့် လုပ်အားနဲ့ စိုက်ထုတ်မှုနဲ့ ပြန်တွက်ရင် မြတ်တယ်လို့ မခေါ်သာဘူးလို့ တောင်သူတယောက်က ပြောပါတယ်။

အခုနှစ် မိုးရာသီက စိုက်ပျိုးခဲ့တဲ့ ရွှေဘို(ပေါ်ဆန်းမွှေး) ဘေးကြားစပါးခင်းတွေကို ဒီဇင်ဘာလထဲမှာ ရိတ်သိမ်းချိန်ကျနေပေမဲ့ ရာသီဥတုဖောက်ပြန်ပြီး ဖြုတ်ပိုးကျကာ သွင်းအားစု ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာစျေး မြင့်တက်မှုတို့ကြောင့် လယ်တဧကမှာ စပါးတင်း ၇၀ မှ ၈၀ ထွက်ရှိသူဟာ အလွန်နည်းပါးပြီး စပါးတင်း ၃၅ တင်းမှ ၅၀ တင်း ထွက်ရှိ လယ်ဧက က များတယ်လို့ သိရပါတယ်။

စစ်တပ်က ဆန်စပါးရည်ညွှန်းဈေးတော့ သတ်မှတ်ပြီး သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေသြဇာ၊ မြေဆီ၊ ပိုသတ်ဆေးဈေးကတော့ မသတ်မှတ်ထားတော့ သွင်းအားစုဈေးက အကျမရှိဘဲ အတက်ပဲရှိ တာကြောင့် ဆန်းစပါးရည်ညွှန်းဈေး သတ်မှတ်ရင် သွင်းအားစုဈေးလည်း သတ်မှတ်ပေးသင့်တယ်လို့ တောင်သူတယောက်က ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဆန်စပါးအသင်းက ဆန်စပါးကိုသာ ရည်ညွှန်းဈေး သတ်မှတ်ထားပြီး သွင်းအားစု ဓာတ်မြေသြဇာ၊ မြေဆီနဲ့ စိုက်ပျိုးရေးဆေးတွေကို ရည်ညွှန်းဈေး သတ်မှတ်မထားခြင်းတို့ကြောင့် တောင်သူတွေမှာ သွင်းအားစု ဓာတ်မြေသြဇာ စိုက်ပျိုးရေးဆေးများနဲ့ စက်သုံးဆီးဈေး မြင့်တက်မှုဒဏ်ကို ခံရပြီး စပါးအထွက်နဲ့ ဈေးကောင်းမရဘဲ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013