DVB Logo
Home
မြန်မာသတင်း
ငါန်းဇွန်တွင် မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး သေဆုံး၊ စစ်ကြောင်းမှူး အပါ ၂၀ ထက်မနည်း ဒဏ်ရာရ
DVB
·
December 22, 2025
ငါန်းဇွန်တွင် မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး သေဆုံး၊ စစ်ကြောင်းမှူး အပါ ၂၀ ထက်မနည်း ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာအရှေ့ဘက်၊ ရွာသစ်ရွာအနောက်ဘက်အနီးမှာ ဒီဇင်ဘာ ၂၀ ရက် မနက် ၈ နာရီခွဲက စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ရွာသစ်ရွာ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်သား ၃ ယောက် သေဆုံးခဲ့ပြီး စစ်ကြောင်းမှူး အပါအဝင် ၂၀ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်တပ်နဲ့နီးစပ်သူတယောက်က “သူတို့ မြို့သာဘက်ကနေ အင်အား ၁၀၀ နီးပါးခန့်နဲ့ စစ်ကြောင်းထိုးလာတာကို ပြည်သူ့ကာကွယ်ရေးဘက်က အသင့်စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ စစ်သား ၃ ဦးက‌တော့ နေရာတင် သေဆုံးတယ်။ စစ်‌ကြောင်းမှူး အပါအဝင် ၂၀ ဦး ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့ စစ်သားတွေကို မန္တလေး တံတားဦးဆေးရုံကို အရေးပေါ်ပို့ထားရတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပကဖ နဲ့ ငါန်းဇွန်မြို့နယ် တိုက်နယ် ၃ ပကဖအဖွဲ့တို့ ပူးပေါင်း ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ငါန်းဇွန်မြို့နယ် ပကဖ တိုက်နယ် ၃ ဒုတာဝန်ခံ ကိုအောင်သူက “ကျနော်တို့ စစ်တပ်ကပစ်တဲ့ မပေါက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကို ပြန်လည်မွမ်းမံပြီး အခုတိုက်ခိုက်မှုမှာ ပြန်လည်အသုံးချခဲ့တာဗျ။ စစ်‌ကြောင်းက မိုင်းကွင်းထဲကို တည့်တည့်တိုးလာတာဆိုတော့ စစ်တပ်က‌တော့ အထိအခိုက် အသေအဆုံး ရှိတယ်။ သူတို့ထွက်သွားပြီး ကျ‌နော်တို့ မိုင်းဆွဲတဲ့နေရာကို ရှင်းလင်းရေးဝင်တဲ့အခါ လမ်းမပေါ်မှာ သွေးကွက်တွေ အများအပြားတွေ့ရတယ်။‌ သွေးကွက်တွေကို စစ်တပ်က မြေကြီးတွေနဲ့ ဖုံးထားခဲ့ကြတယ်။ ကျ‌နော်တို့ မိုင်းဆွဲတာက မိုင်း ၂ လုံးနဲ့ မိုင်းဆွဲခဲ့တာ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက် ၇ နာရီမှာလည်း ငါန်းဇွန်မြို့ အရှေ့ဘက်ရှိ တံတားဦးမြို့နယ် ၁၄ မိုင်လမ်းဆုံဘက်ကို ကန်တာထရပ်ကားတစီး၊ ကားကြီး ၂ စီး၊ လိုက်ထရပ်တစီး စုစုပေါင်း ကား ၄ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစုဘက်က စောင့်ကြိုတိုက်ခိုက်လို့ သေဆုံးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ငါန်းဇွန်တွင် မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး သေဆုံး၊ စစ်ကြောင်းမှူး အပါ ၂၀ ထက်မနည်း ဒဏ်ရာရ