DVB Logo
Home
နိုင်ငံတကာ
အနောက်ဘက်ကမ်းတွင် ရပ်ရွာအသစ် ၁၉ ခု တည်ထောင်ရန် အစ္စရေး အတည်ပြု
DVB
·
December 22, 2025
အနောက်ဘက်ကမ်းတွင် ရပ်ရွာအသစ် ၁၉ ခု တည်ထောင်ရန် အစ္စရေး အတည်ပြု
Donate to DVB

အစ္စရေး လုံခြုံရေးအစိုးရအဖွဲ့က သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်ရာ ရပ်ရွာအသစ် ၁၉ ခု တည်ထောင်ဖို့ အတည်ပြုလိုက်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ၃ နှစ်အတွင်း တရားဝင် အတည်ပြုထားတဲ့ ရပ်ရွာအရေအတွက်က ၆၉ ခုအထိ ရှိလာတယ်လို့ အရာရှိတယောက်က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။

ရပ်ရွာသစ်တည်တာကို ထောက်ခံတဲ့ နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး ဘေဇလယ် စမိုထရစ်ချ်က အစ္စရေး လုံခြုံရေးအစိုးရအဖွဲ့ဟာ ရပ်ရွာသစ် ၁၉ ခုကို ကြေညာပြီး ခွင့်ပြုဖို့ ကာကွယ်ရေးဝန်ကြီး အစ္စရေး ခက်ဇ်နဲ့အတူ တင်ပြခဲ့တယ်လို့ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုပါတယ်။ ခွင့်ပြုချက်ရတဲ့ အချိန်ကို မဖော်ပြပါဘူး။

အတည်ပြုချက်ထဲမှာ လုံးဝအသစ်ဖြစ်တဲ့ ရပ်ရွာတွေနဲ့ အစ္စရေးအာဏာပိုင်တွေဆီက ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတဲ့ ရပ်ရွာတွေကို နောက်ကြောင်းပြန် အကျိုးသက်ရောက်စေတဲ့ ခွင့်ပြုချက် နှစ်မျိုးလုံး ပါပါတယ်။

၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အစ္စရေးက သိမ်းပိုက်ခဲ့ပြီး ပါလက်စတိုင်းလူမျိုးတွေက အနာဂတ် လွတ်လပ်တဲ့ နိုင်ငံတခုရဲ့ အဓိကအချက်အဖြစ် ကြိုးစားနေတဲ့ အနောက်ဘက်ကမ်း နယ်မြေတလွှားမှာ ဂျူးတွေ ရပ်ရွာတည်ရေးကို အားကောင်းစေဖို့ ပိုကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းချက်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ စမိုထရစ်ချ်က ပြောပါတယ်။

ဒီလုပ်ရပ်ဟာ ပါလက်စတိုင်းနိုင်ငံ “အမှန်တကယ်တည်ထောင်ခြင်း” ကို တားဆီးနေတယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံအများစုက နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့ ယူဆတဲ့ အစ္စရေး ရပ်ရွာတည်ဆောက်ရေးအပေါ် နိုင်ငံတကာဝေဖန်မှုတွေ မြင့်တက်လာချိန်မှာ အစ္စရေးက ရပ်ရွာတည်ဆောက်ရေး ခွင့်ပြုချက်တွေကို အရှိန်မြှင့်တင်ခဲ့ပြီး လက်ရှိ လက်ယာယိမ်းအစိုးရ ဖွဲ့စည်းပြီးကတည်းက အစ္စရေးဟာ ရပ်ရွာတည်ထောင်ရေး ခွင့်ပြုချက်တွေကို အရှိန်မြှင့်တင်ခဲ့ပါတယ်။

အခြေချနေထိုင်မှု ဆက်လက်တိုးချဲ့တာဟာ နှစ်နိုင်ငံဖြေရှင်းချက်အတွက် အလားအလာတွေကို ထိခိုက်စေပြီး မြေပြင်မှာ တင်းမာမှုတွေ ပိုဆိုးရွားစေတယ်လို့ ပါလက်စတိုင်းအရာရှိတွေက သတိပေးခဲ့ပြီး အနောက်နိုင်ငံမဟာမိတ်တွေက ဒီလိုလုပ်ဆောင်ချက်တွေကို ရပ်တန့်ဖို့ အစ္စရေးအား အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013