DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက် CDM လုပ်သူဝန်ထမ်း များပြားကြောင်း စစ်ခေါင်းဆောင် ဝန်ခံ
DVB
·
December 22, 2025
အာဏာသိမ်းပြီးနောက် CDM လုပ်သူဝန်ထမ်း များပြားကြောင်း စစ်ခေါင်းဆောင် ဝန်ခံ
Donate to DVB

အာဏာသိမ်းပြီးနောက် လုပ်ငန်းကိုစွန့်ခွာကာ CDM လုပ်သူဝန်ထမ်း များပြားခဲ့တာကြောင့် နိုင်ငံအတွင်း ဝန်ထမ်းလိုအပ်ချက် ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က ဒီဇင်ဘာလ ၂၁ ရက်က ဝန်ခံပြောဆိုပါတယ်။

မနေ့က ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ စီးပွားရေးလုပ်ငန်းတွေ၊ မြို့မိမြို့ဖတွေနဲ့တွေ့ဆုံစဥ် ပညာရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေက ဝန်ထမ်း လိုအပ်ချက်ကို ပြောဆိုရာမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မိမိတို့ စတင်တာဝန်ယူခဲ့ရသည့်အချိန်မှစ၍ ပညာရေးနဲ့ကျန်းမာရေးဌာနက လုပ်ငန်းကို စွန့်ခွာကာ CDM လုပ်သူ များပြားတာကြောင့် နိုင်ငံအတွင်း ဝန်ထမ်းလိုအပ်ချက်ဖြစ်ပေါ်ခဲ့ပြီး အခွင့်အရေးပေးသည့်အနေဖြင့် CDM ဝန်ထမ်းများကို ပြန်လည်ခေါ်ယူပြီး တာဝန်ပြန်ပေးခဲ့ရတယ်” လို့ ပြောပါတယ်။

ဒီလို လုပ်ငန်းစွန့်ခွာခဲ့ရတဲ့ ဝန်ထမ်းတွေဟာ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှု၊ ဖိအားပေးခံရမှု၊ နိုင်ငံရေးဝါဒမှိုင်း ရိုက်ခတ်မှုတွေကြောင့်ဖြစ်လို့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်ရမယ်လို့လည်း ပြောပါတယ်။

CDM လုပ်သွားတဲ့ ဝန်ထမ်းတွေကိုသာ စစ်ခေါင်းဆောင်က အပြစ်တင်ပြောဆိုနေပေမဲ့ လက်ရှိ Non CDM ဝန်ထမ်းများဘဝမှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ရင်ဆိုင်နေရပြီး ပြဿနာဖြစ်လာပါက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးလို့ ပညာရေးဝန်ထမ်းတယောက်က ထောက်ပြပါတယ်။

“CDM လုပ်သွားတဲ့ ဝန်ထမ်းတွေကိုသာ စစ်တပ်က အပြစ်ပြောနေတာ၊ မြေပြင်မှာလုပ်နေတဲ့ ဝန်ထမ်းတွေကို တာဝန်ယူပေးတာ မရှိဘူး။ စစ်ဘေးရှောင်ပြီး ရောက်တဲ့ဒေသမှာ တွဲဖက်ရဖို့ ခြောက်လ တနှစ်လောက် စောင့်ရတယ်။ အဲဒီကာလအတွင်းမှာ ပန်းရန်လုပ်၊ စက်ရုံဆင်းရတယ်။ CDM ကနေ ဌာနအတွင်း ပြန်ဝင်လည်း အရမ်းနှိမ်တာ၊ ပြန်ဝင် CDM တွေရဲ့ အမှားကို စောင့်ကြည့်ပြီး ထောင်ထဲထည့်တာ။” 

စစ်တပ်က အာဏာသိမ်းပြီးနောက် CDM ဝန်ထမ်းတွေကို ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ်အထိ လုပ်ငန်းပြန်လည်ဝင်ရောက်ဖို့ စည်းရုံးခဲ့ပေမဲ့ ပြန်ဝင်လာတဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေး ထောင်ချခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013