DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်းနှင့်ဇနီးကို အဂတိမှုဖြင့် ထောင်ဒဏ် ၁၇ နှစ်စီထပ်ချ
DVB
·
December 21, 2025
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်းနှင့်ဇနီးကို အဂတိမှုဖြင့် ထောင်ဒဏ် ၁၇ နှစ်စီထပ်ချ
Donate to DVB

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်း နဲ့ ဇနီး ဘူရှ်ရာဘီဘီတို့ကို နိုင်ငံတော် လက်ဆောင်တွေကို ဈေးလျှော့ဝယ်ယူမှုနဲ့ စွပ်စွဲခံရတဲ့ အဂတိလိုက်စားမှုတမှုအတွက် ပါကစ္စတန်တရားရုံးတခုက ဒီဇင်ဘာ ၂၀ ရက်မှာ ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဒေသခံမီဒီယာ Geo News က ဖော်ပြခဲ့ပါတယ်။ 

၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၇၃ နှစ်အရွယ် ခန်းဟာ အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ဖမ်းဆီးခံရပြီးကတည်းက ထောင်ထဲမှာရှိနေပြီး နိုင်ငံရေးအရလှုံ့ဆော်မှုရှိတယ်လို့ သူကပြောတဲ့ အမှုအများကြီးအတွက် ထောင်ဒဏ်ကျခံနေရပါတယ်။ 

ဒီဇင်ဘာလအစောပိုင်းမှာ ခန်းရဲ့ညီမက ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်းဟာ ကျန်းမာရေးကောင်းပေမယ့် အထီးကျန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

မိသားစုက ဝင်ရောက်ခွင့်ပိတ်ထားတယ်လို့ ပြောခဲ့တဲ့ သီတင်းပတ်တွေအပြီး ရှားရှားပါးပါး လာရောက်လည်ပတ်ပြီးတဲ့နောက် ပြောခဲ့တာပါ။ 

ခန်းရဲ့ညီမ ၃ ယောက်ထဲကတယောက်ဖြစ်သူ ဥဇ်မာ ခါနမ်ဟာ အာဒီယာလာ အကျဉ်းထောင်မှာ ခန်းနဲ့တွေ့ခွင့်ရတဲ့ တဦးတည်းသော မိသားစုဝင်ဖြစ်ပြီး၊ အကျဉ်းထောင်မှာ ပါကစ္စတန် တာရိခီ အင်ဆက်ဖ် (PTI) ပါတီကို ထောက်ခံသူတွေက သူ့ကို ထိန်းသိမ်းထားတဲ့ အခြေအနေတွေကို ဆန့်ကျင်ဆန္ဒပြဖို့ စုဝေးခဲ့ကြပါတယ်။ 

အာဏာပိုင်တွေက ဘယ်လို မတရားဆက်ဆံမှုကိုမဆို ငြင်းဆိုပြီး ခန်းဟာ အကျဉ်းသားတွေ အတွက်ရနိုင်တဲ့ အခွင့်အရေးအားလုံးကို ရနေတယ်လို့ ပြောပါတယ်။ 

ပြည်ထဲရေးဝန်ကြီး တာလယ် ချောင်ဒရီက အကျဉ်းထောင်တွေဆီ သွားလည်တာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ထောင်အရာရှိတွေရဲ့ ဆုံးဖြတ်ချက်တွေဖြစ်ပြီး အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူးလို့ ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013