DVB Logo
Home
မြန်မာသတင်း
မကွေးလေတပ်နှင့် တောင်ငူလေတပ်ကို စစ်အင်အားတိုးပေးမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
December 21, 2025
မကွေးလေတပ်နှင့် တောင်ငူလေတပ်ကို စစ်အင်အားတိုးပေးမည်ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

စစ်ရေးအရှိန်မြင့်တက်နေတဲ့ စစ်ကိုင်း၊ မကွေးနဲ့ ပန်းတောင်းဒေသအတွက် လေတပ်က ကူညီပေးနေရလို့ မကွေးလေတပ်နဲ့ တောင်ငူလေတပ်ကို စစ်အင်အားတိုးမြှင့်ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း လေတပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက် မနေ့က မင်းဘူး၊ မကွေးနဲ့ ပြည်မြို့ကို ရောက်ရှိချိန် စစ်ခေါင်းဆောင်က လပခတိုင်းမှူး၊ တပခတိုင်းမှူးနဲ့ မကွေး၊ တောင်ငူလေတပ်ဌာနချုပ်မှူးတို့နဲ့ သီးသန့်တွေ့ဆုံပြီး လေတပ်အင်အားတိုးပေးဖို့ ကတိပေးပြောဆိုခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“မြေပြင်က စစ်ကြောင်းထိုးဖို့ လေကြောင်းက အရင်ဆုံး ဗုံးကြဲမှရမယ်လို့ တိုင်းမှူးတွေက တင်ပြလို့ မကွေးနဲ့ တောင်ငူလေတပ်ကို အင်အားတိုးပေးမယ်ဆိုပြီး ကတိပေးသွားတာ။၊ ရွေးကောက်ပွဲပြီးရင် ကြားဖြတ်ရွေးကောက်ပွဲလုပ်နိုင်ဖို့ မြို့တွေ ပြန်သိမ်းနိုင်ဖို့ အရေးကြီးတယ်လို့လည်း မှာသွားတယ်။” 

မကွေးနဲ့ တောင်ငူလေတပ်စခန်းကို မင်္ဂလာဒုံလေတပ်စခန်း၊ နေပြည်တော် လေတပ်စခန်းဌာနချုပ်နဲ့ လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်းက အရာရှိ၊ စစ်သည်တွေကို အင်အားဖြည့်တင်းပေးနိုင်တယ်လို့လည်း သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မကွေးလေတပ်စခန်းက စဥ့်ကူးမြိုကို အဆက်မပြတ်ဗုံးပြီး မြေပြင်စစ်ကြောင်းထိုးကာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ကြည့်ခြင်းဖြင့် လေကြောင်းကို ပိုမိုအသုံးပြုလာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

“စစ်တပ်က PDF တွေကိုရော တိုင်းရင်းသားလက်နက်ကိုင်တွေရော မြေပြင်မှာ ယှဥ်လို့မရဘူး ဆိုတာ သိတယ်။ သူ့မှာ အားကိုးစရာလေတပ်ပဲရှိတော့ လေတပ်အင်အားဖြည့်တာ မထူးဆန်းပေမဲ့ ဗုံးကြဲလို့ ထပ်သေရဦးမဲ့ အရပ်သားပြည်သူတွေအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်လာပြီ။”

ပြီးခဲ့တဲ့ ၇၈ နှစ်မြောက် လေတပ် နှစ်ပတ်လည်နေ့က စစ်ခေါင်းဆောင်ကိုယ်တိုင် ရန်သူနဲ့ရင်ဆိုင်ရချိန် တိုက်ပွဲအဆုံးအဖြတ်မှာ လေကြောင်းက အားသာလို့ လေတပ်အတွက် လေယာဥ်တွေ ထပ်မံဝယ်ယူ ဖြည့်တင်းပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က တရုတ်နဲ့ ရုရှားဆီက ဝယ်ယူထားတဲ့ စစ်ဘက်သုံးနဲ့ ဗုံးကြဲလေယာဥ် အစင်း ၅၀ ကျော်ရှိပြီလို့ စစ်ရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာငွေတွေနဲ့ ဝယ်ယူထားတဲ့ စစ်လေယာဉ်တွေကို ပြည်ပနိုင်ငံတွေနဲ့ ရင်ဆိုင်ရာမှာ အသုံးပြုတာမဟုတ်ဘဲ ပြည်သူပိုင် ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊  ဘာသာရေးအဆောက်အအုံတွေနဲ့  ကျေးရွာတွေကို ဗုံးကြဲရာမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013