DVB Logo
Home
နိုင်ငံတကာ
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် လူငယ်ခေါင်းဆောင်၏ ဈာပနကျင်းပ 
DVB
·
December 21, 2025
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် လူငယ်ခေါင်းဆောင်၏ ဈာပနကျင်းပ 
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ယာယီအစိုးရခေါင်းဆောင် အပါအဝင် ဝမ်းနည်းကြေကွဲနေသူ ထောင်ပေါင်းများစွာဟာ  လုပ်ကြံသတ်ဖြတ်ခံရခဲ့ရတဲ့ လူငယ်ခေါင်းဆောင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတယောက်ရဲ့ ဈာပနကို  ဒီဇင်ဘာ ၂၀ ရက်က လုံခြုံရေး တင်းကျပ်ထားတဲ့ ကြားက တက်ရောက်ခဲ့ကြပါတယ်။

ဈာပနအခမ်းအနားအတွင်း စိတ်ခံစားမှုပြင်းထန်နေတဲ့ ဝမ်းနည်းကြေကွဲသူတွေက ကြွေးကြော်သံတွေကို ရွတ်ဆိုနေချိန်မှာ ဘင်္ဂါလီအလံတွေ ကို ဝှေ့ယမ်းနေခဲ့ကြပါတယ်။ 

အသက် ၃၂ နှစ်အရွယ် ရှရစ်ဖ် အော့စ်မန်ဟာဒီက ဖေဖော်ဝါရီလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးစတင်နေချိန် ပြီးခဲ့တဲ့ သီတင်းပတ်ပတ်က ဒါကာမြို့တော်မှာ မျက်နှာဖုံးစွပ်ထားတဲ့ တိုက်ခိုက်သူတွေက သူ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ 

သူဟာ အသက်ကယ်ကိရိယာနဲ့ ၆ ရက်ကြာ ဆေးကုသမှုခံယူပြီးတဲ့နောက် ဒီဇင်ဘာ ၁၉ ရက်က စင်ကာပူနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူသေဆုံးမှုဟာ တောင်အာရှနိုင်ငံ ဘင်္ဂလားဒေ့ရှ်မှာ အဓိကသတင်းစာတိုက်တွေနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းတွေကို တိုက်ခိုက်မှုတွေအပါအဝင် မငြိမ်မသက်မှုတွေကို ဖြစ်ပေါ်စေခဲ့ ပါတယ်။

ဈာပနကျင်းပရာနေရာကို မဝင်မီ တက်ရောက်သူတွေဟာ စစ်ဆေးရေးဝင်ပေါက်တွေကို ဖြတ်သန်းသွားရပြီး ရဲတပ်ဖွဲ့ဝင်တွေ ထူထူထပ်ထပ် ချထားတာကို မြင်တွေ့ခဲ့ရပါတယ်။

ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်စ်က ဟာဒီရဲ့ အမွေအနှစ်က တည်တံ့နေမယ်လို့ ပြောခဲ့ပြီး ဈာပနအခမ်းအနားဟာလည်း သူ ထောက်ခံအားပေးခဲ့တဲ့ စံနမူနာတွေကို ထိန်းသိမ်းဖို့ စုပေါင်းကတိကဝတ် တခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် လူငယ်ခေါင်းဆောင်၏ ဈာပနကျင်းပ