DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းအတွက် စစ်ရေးအကူအညီ လျော့သွားခြင်းမရှိဟု NATO တပ်ဖွဲ့ပြော
DVB
·
December 21, 2025
ယူကရိန်းအတွက် စစ်ရေးအကူအညီ လျော့သွားခြင်းမရှိဟု NATO တပ်ဖွဲ့ပြော
Donate to DVB

ယူကရိန်းကို တိုက်ရိုက်ပေးလှူမှုတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းအတွက် လက်နက်ထောက်ပံ့မှုတွေဟာ ကျဆင်းသွားခြင်း မရှိကြောင်း ဥရောပစစ်ရေးမဟာမိတ်အဖွဲ့ NATO ရဲ့ အကြီးတန်းစစ်ဘက်အရာရှိက ပြောပါတယ်။

NATO ရဲ့ ယူကရိန်းအတွက် လုံခြုံရေးအကူအညီနဲ့လေ့ကျင့်ရေးအဖွဲ့ (NSATU) ရဲ့ ဒုတိယတပ်မှူး ဗိုလ်ချုပ်ကြီး မိုက်ခ်ကဲလာက “ခဏလေးတောင် မရပ်တန့်ပဲ  ဆက်လုပ်ဆောင်နေပါတယ်။ အမေရိကန်က ငွေပေးချေတဲ့အထိ အတိအကျ စောင့်ဆိုင်းနေတာ မဟုတ်ပဲ (PURL) ပက်ကေ့ချ်တခုကို ကြေညာလိုက်တာနဲ့ ပစ္စည်းစီးဆင်းမှု စတင်နေတာပါ” လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဥရောပနိုင်ငံအများအပြားက ရန်ပုံငွေထောက်ပံ့မှုကို အမှန်တကယ် ပံ့ပိုးပေးနေတာကိုလည်း  တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီလမှာ ရာထူးတာဝန်ယူပြီးနောက်မှာ ထရမ့်ပ်အစိုးရဟာ ကိယက်ဗ်ကို အခိုင်အမာထောက်ခံသူ သမ္မတဟောင်း ဂျိုးဘိုင်ဒန်ရဲ့ ခွင့်ပြုချက်ရပြီးသား လက်နက်တွေကိုသာ ရောင်းချတာ ဒါမှမဟုတ် ယူကရိန်းကို ပေးလှူတာတွေကို ပို့ဆောင်ခဲ့ပါတယ်။

အဲဒီနောက် ဆောင်းဦးရာသီကစလို့ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေက တီထွင်ထားတဲ့ ယူကရိန်းနိုင်ငံအတွက် ဦးစားပေး လိုအပ်ချက်စာရင်း (PURL) လို့ ခေါ်တဲ့ ယန္တရားအောက်မှာ ယူကရိန်းကို NATO နိုင်ငံတွေရဲ့ ရန်ပုံငွေတွေကို အသုံးပြုပြီး အမေရိကန်မှာရှိထားတဲ့ လက်နက်တွေကို ထောက်ပံ့ပေးခဲ့ပါတယ်။

NATO ရဲ့ ယူကရိန်းမစ်ရှင်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး ကိယက်ဗ်ကို လက်နက်ထောက်ပံ့မှုတွေကို ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။ 

ဂျာမနီနိုင်ငံ ဗီးစ်ဘာဒန်မြို့အခြေစိုက် NSATU အဖွဲ့ရဲ့ ဒုတိယတပ်မှူး ဗိုလ်ချုပ်ကြီး မိုက်ခ်ကဲလာက ၂၀၂၅ ခုနှစ်မှာ မစ်ရှင်ဟာ ကိယက်ဗ်မြို့ကို စစ်ရေးအကူအညီ တန်ချိန် ၂၂၀,၀၀၀ လောက်ပေးပို့ခဲ့ပြီး အဲဒီထဲမှာ ထရပ်ကား ၉,၀၀၀ လောက်၊ ရထားတွဲ ၁,၈၀၀ နဲ့ လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ တခြားပစ္စည်းတွေကို တင်ဆောင်ထားတဲ့ လေယာဉ် ၅၀၀ ပါဝင်တယ်လို့ဆိုပါတယ်။ 

ဒါပေမဲ့ ဒီအကူအညီတွေဟာ မလုံလောက်တဲ့အကြောင်းနဲ့ အနည်းဆုံးတော့ ယူကရိန်းကို တိုက်ပွဲ ဆက်တိုက်နိုင်ဖို့တော့ လုံလောက်ပါတယ်လို့လည်း ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013