DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားရှိ ISIS စခန်းများကို အမေရိကန်က အကြီးစားလက်တုံ့ပြန်တိုက်ခိုက်
DVB
·
December 20, 2025
ဆီးရီးယားရှိ ISIS စခန်းများကို အမေရိကန်က အကြီးစားလက်တုံ့ပြန်တိုက်ခိုက်
Donate to DVB

အမေရိကန်ဟာ ဆီးရီးယားရှိ ISIS ရဲ့ အမာခံခြေကုပ်စခန်းနေရာတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဒီဇင်ဘာ ၁၉ ရက် သောကြာနေ့က လူမှုမီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆီးရီးယားမှာ အမေရိကန် ဝန်ထမ်းတွေကို အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ဝင်လို့ သံသယရှိသူတယောက်က တိုက်ခိုက်မှုလုပ်ခဲ့အပြီးမှာ အစွန်းရောက် အကြမ်းဖက်သမားတွေအပေါ် အလွန်ပြင်းထန်တဲ့ လက်စားချေမှုကို ပြုလုပ်နေကြောင်း ကြေညာအပ်ပါတယ် လို့ ထရမ့်ပ်က  ရေးထားပါတယ်။  

“ကျွန်ုပ်တို့ဟာ သွေးလွှမ်းနေပြီး ပြဿနာပေါင်းမြောက်မြားစွာရှိနေတဲ့ ဆီးရီးယားရှိ ISIS ရဲ့ ခံတပ်တွေကို အလွန်ပြင်းထန်စွာ တိုက်ခိုက်နေပါတယ်။ ISIS ကို ချေမှုန်းဖယ်ရှားနိုင်ရင် ဆီးရီးယားနိုင်ငံဟာ တောက်ပတဲ့အနာဂတ်ရှိလာမှာပါ။ ဆီးရီးယားအစိုးရကလည်း အပြည့်အဝ ပံ့ပိုးပေးနေပါတယ်။ ဘယ်နည်းနဲ့မဆို အမေရိကန်ကို တိုက်ခိုက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းပြုလုပ်တဲ့ မကောင်းဆိုးဝါး အကြမ်းဖက်သမားအားလုံးကို အရင်ကထက် ပိုမိုပြင်းထန်စွာ ထိခိုက်ခံစားရလိမ့်မယ်လို့ သတိပေးလိုက်တယ်” လို့ ထရမ့်ပ်က ပို့စ်တင်ထားပါတယ်။

အမေရိကန်စစ်တပ်ရဲ့ အဆိုအရ ဒီဇင်ဘာ ၁၃ ရက် စနေနေ့က ဆီးရီးယားအလယ်ပိုင်း ပါလ်မိုင်ရာမြို့မှာ အမေရိကန်နဲ့ ဆီးရီးယားတပ်ဖွဲ့တွေရဲ့ယာဉ်တန်းကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်သူတယောက်ရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန်စစ်သား ၂ ယောက်နဲ့ အရပ်သားစကားပြန် ၁ ယောက် သေဆုံးခဲ့ပြီး တခြားအမေရိကန်စစ်သား ၃ ယောက်လည်း ဒဏ်ရာရရှိခဲ့တာပါ။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆသ် ကလည်း ISIS တိုက်ခိုက်ရေးသမားများ၊ အခြေခံအဆောက်အအုံများနဲ့ လက်နက်နေရာများကို ပစ်မှတ်ထားကြောင်း အတည်ပြုခဲ့ပြီး စစ်ဆင်ရေးကို အော်ပရေးရှင်း ဟော့ခ်အိုင်း စထရိုက်ခ် လို့ သူ့ရဲ့ လူမှုမီဒီယာပို့စ်မှာ ပြောကြားခဲ့ပါတယ်။ 

ဒါဟာ စစ်ပွဲတစ်ပွဲရဲ့ အစမဟုတ်ကြောင်းနဲ့ လက်စားချေခြင်း ကြေညာချက်တခုသာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။ 

ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ လောက် ကျန်ရှိနေသေးပြီး အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ မကြာသေးမီလတွေအတွင်း ဆီးရီးယားမှာ အစ္စလာမ္မစ်နိုင်ငံတော်လို့ သံသယရှိသူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့သလို ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေလည်း မကြာခဏ ပါဝင်လေ့ရှိပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013