DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းတွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး  ဒုရဲအုပ်အပါအဝင် ၁၉ ဦး သေဆုံး၊
DVB
·
December 18, 2025
လက်ပံတန်းတွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး  ဒုရဲအုပ်အပါအဝင် ၁၉ ဦး သေဆုံး၊
Donate to DVB

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲအတွက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် တယောက်အပါအဝင် စစ်ကောင်စီတပ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃ ဆီကနေ သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းကစပြီး ဆင်တလင်းရွာက စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ရှိတဲ့ အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ 

စခန်းစီးနင်းပြီးတဲ့နောက် စစ်ကောင်စီတပ်သားအင်အား ၈၀ လောက်က စစ်ကြောင်းထိုးလာလို့ အဲ့ဒီစစ်ကြောင်းနဲ့ တောင်တန်းမြိုင်ရွာမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ 

တိုက်ပွဲမှာ ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး တယောက်၊ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၁၈ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း MA-3 သေနတ် ၆ လက်၊ MA-1 သေနတ် ၄ လက်နဲ့ လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၂၊ ၃၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေးတပ်၊ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် ပကဖ၊ လက်ပန်းတန်းမြို့နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)  တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013