
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ လက်မှတ်ဈေးနှုန်းကြီးမြင့်နေတာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်လာပြီးနောက်ပိုင်း ဒေါ်လာ ၆၀ တန် လက်မှတ်အရေအတွက် အနည်းငယ်ကို ဖီဖာက မိတ်ဆက်ခဲ့ပါတယ်။
ဒေါ်လာ ၆၀ တန်လက်မှတ်ဟာ ပွဲပေါင်း ၁၀၄ အတွက် ပြိုင်ပွဲဝင်အသင်းတွေရဲ့ ပရိသတ်တွေကိုပဲ ရောင်းချမှာဖြစ်တယ်လို့ ဖီဖာက ဆိုပါတယ်။
ဖီဖာအဖွဲ့အရာရှိတယောက်က “လက်မှတ်ဈေးနှုန်းနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေကို ကျနော်တို့ နားထောင်ခဲ့ပြီး၊ ဒီလက်မှတ်အသစ်တွေက မှန်ကန်တဲ့ထုတ်ပြန်မှုအဖြစ် တညီတညွတ်တည်း ဆုံးဖြတ်တာပါ”လို့ ပြောပါတယ်။
အရင်လက်မှတ်စျေနှုန်းတွေက အင်္ဂလန်အသင်းရဲ့ ပွဲစဉ်တိုင်းကို ဗိုလ်လုပွဲအထိ ကြည့်မယ်ဆိုရင် ပေါင် ၅,၀၀၀ ကျော် ကုန်မှာဖြစ်လို့ ဒီစျေးနှုန်းက မဖြစ်သင့်တဲ့ စျေနန်းပါလို့ ဘောလုံးအားပေးသူအဖွဲ့ FSA က ဆိုပါတယ်။
ဒေါ်လာ ၆၀ တန်လက်မှတ်ဟာ ဘောလုံးအဖွဲ့ချုပ်တိုင်းအတွက် ၁၀ ရာခိုင်နှုန်းသာ ခွဲတမ်းရရှိမှာ ဖြစ်ပါတယ်။
အင်္ဂလန်နဲ့ စကော့တလန်နိုင်ငံတို့အတွက် အုပ်စုပွဲစဉ်တွေမှာ ဒေါ်လာ ၆၀ တန်လက်မှတ်အရေအတွက် ၄၀၀ ရရှိမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ အသင်းတွေရဲ့ ပရိသတ်တွေအတွက် လက်မှတ်ဈေးနှုန်းလျှော့ချခဲ့ပေမဲ့ လုံလောက်မှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီဇင်ဘာ ၁၁ ရက်က စတင်ပြီး ဇန်နဝါရီ ၁၃ ရက်အထိ ဖွင့်လှစ်ထားတဲ့ တတိယအဆင့် လက်မှတ်ရောင်ရောင်းချမှုတွေကို ပရိသတ်တွေက စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက လက်မှတ်ဈေးနှုန်း တည်ငြိမ်ခဲ့ပြီး အုပ်စုအဆင့် အနိမ့်ဆုံး လက်မှတ်တန်ဖိုး ဒေါ်လာ ၇၀ ခန့်ရှိကာ လက်ရှိအချိန် မှာ ၃ ဆကျော် ပိုပြီး မြင့်တက်ခဲ့တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။
Source:Reuters










