
အင်္ဂလန်နဲ့ ဝေးလ်ရှိ ဘောလုံးကွင်းတွေအတွင်း လက်မှတ်မပါဘဲ ခိုးဝင်တာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေသစ် စတင်သက်ရောက်တော့မှာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ ဝမ်ဘလေကွင်းမှာ ကစားမဲ့ အာဆင်နယ်နဲ့ မန်စီးတီတို့ရဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲကစပြီး လက်မှတ်မပါဘဲ ခိုးဝင်သူတွေကို ဖမ်းဆီးအရေးယူတော့မှာ ဖြစ်ပါတယ်။
ဥပဒေသစ်အရ ပြစ်မှုကျူးလွန်သူတွေဟာ ငွေဒဏ် ပေါင် ၁,၀၀၀ အပြင် ဘောလုံးကွင်းအတွင်း ၅ နှစ်အထိ ဝင်ရောက်ခွင့်ပိတ်ပင်တဲ့ (Football Banning Order) ပြစ်ဒဏ်ကိုပါ ရင်ဆိုင်ရမှာဖြစ်ပြီး လက်မှတ်ရှိသူနောက်ကနေ ကပ်တိုးဝင်တာ၊ လက်မှတ်အတု သုံးစွဲတာနဲ့ ဝန်ထမ်းအဖြစ် ဟန်ဆောင် တာတွေကိုပါ တားမြစ်ထားတာပါ။
၂၀၂၁ ယူရိုဗိုလ်လုပွဲမှာ လူပေါင်း ၂,၀၀၀ လောက် ခိုးဝင်ခဲ့တဲ့ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေဖို့ အခုလို ပြင်းထန်တဲ့ ဥပဒေနဲ့ ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
Photo: Reuters










