
ရီးရဲလ်မက်ဒရစ် ကစားသမား ဂျုဒ်ဘယ်လင်ဟမ်ရဲ့ ညီဖြစ်သူ အသက် ၂၁ နှစ်အရွယ် ဂျို့ဘ်ဘယ်လင်ဟမ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံလိုက်ရတယ်လို့ BBC အားကစားသတင်းမှာ ဖော်ပြပါတယ်။
လာမဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ခရိုအေးရှား၊ ၁၅ ရက်နေ့ စပိန်တို့နဲ့ ကစားမဲ့ ပွဲစဉ်တွေအတွက် ရွေးချယ်ခံရတာပါ။
အင်္ဂလန် ယူ-၂၁ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဂျို့ဘ်ဟာ လက်ရှိမှာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် အစ်ကိုဖြစ်သူရဲ့ လွှမ်းမိုးမှုကြောင့်မဟုတ်ဘဲ ကိုယ်ပိုင်အရည်အချင်းနဲ့ ရွေးချယ်ခံရတာလို့ နည်းပြက ရှင်းပြပါတယ်။
အသင်းမှာ ကစားသမားတချို့ ပွဲပယ်နဲ့ ဒဏ်ရာရနေတာကြောင့်လည်း သူ့အတွက် အခုလို အခွင့်အရေး ရလာတာလို့ သိရပါတယ်။
သူဟာ အစ်ကိုဖြစ်သူလိုပဲ ဘာမင်ဂမ်နဲ့ ဒေါ့မွန်အသင်းတွေမှာ ကစားခဲ့ပြီးနောက် အခုအခါမှာတော့ ညီအစ်ကိုနှစ်ယောက် အင်္ဂလန်အသင်းမှာ အတူတွဲကစားခွင့် ရတော့မှာ ဖြစ်ပါတယ်။











