ယူရို ၂၀၂၈ လက်မှတ် ၅ စောင်ဈေးက ကမ္ဘာ့ဖလား ကားပါကင်ဖိုးတခုစာနှင့် ညီမျှနေ
DVB
·
April 1, 2026

ယူရို ၂၀၂၈ အတွက် လက်မှတ်ဈေးနှုန်းတွေကို UEFA က ထိန်းညှိပေးထားတာကြောင့် လက်မှတ် ၅ စောင်ရဲ့ တန်ဖိုးဟာ အမေရိကန် ကမ္ဘာ့ဖလားကွင်းက ကားပါကင်နေရာတခုစာဈေး (ပေါင် ၁၃၀ ကျော်) နဲ့ ညီမျှနေပါတယ်။
ယူရိုပွဲစဉ်တွေအတွက် အသက်သာဆုံးလက်မှတ်ကို ပေါင် ၃၀ ဝန်းကျင်နဲ့ ရနိုင်ဖို့ စီစဉ်နေပြီး ဒါဟာ ကမ္ဘာ့ဖလားရဲ့ အနိမ့်ဆုံးလက်မှတ်ဈေး ပေါင် ၁၇၀ နီးပါးနဲ့ယှဉ်ရင် အများကြီး သက်သာနေတာပါ။
ဒါ့အပြင် UEFA က မသန်စွမ်းပရိသတ်တွေအတွက် အဖော်တယောက်စာ လက်မှတ်အခမဲ့ ပေးထားပေမဲ့ FIFA ကတော့ အပြည့်အဝ ကောက်ခံနေတာကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။










