DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေး ကျပ်သန်း ၁၃၃,၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိ
DVB
·
December 16, 2025
မူးယစ်ဆေး ကျပ်သန်း ၁၃၃,၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိ
1 / 4
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ကနေ မလေးရှားနဲ့ ထိုင်းရေပိုင်နက်ကိုပို့မဲ့ မူးယစ်ဆေး ကျပ်သန်း ၁၃၃,၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိပြီး ဦးဆောင်စီမံသူတွေကိုတော့ မမိသေးဘူးလို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်ညမှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၂၇ ရက် မနက်က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ၁၉ ရပ်ကွက်မှာ ရွှေမောင်ဆန်း၊ မင်းဇော်လှိုင်(ခ)မင်းဇော်၊ အောင်ကျော်မျိုး(ခ)ငပိန်၊ မောင်မောင်သန်း(ခ)ဝင်းသန်း တို့ကို ကက်တမင်း ၁ ဒသမ ၈ တန်ကျော်၊ Hino Box ကား၁ စီး၊ Mark-X ကား ၁ စီး၊ Light Truck ကား ၁ စီးတို့နဲ့အတူ သတင်းအရ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ ၁၉ ရပ်ကွက်က ဂိုဒေါင်ထဲကနေ စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ၁၃၃,၇၅၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန်နဲ့ ကက်တမင်း ၆၀ ကီလို တို့ကို ထပ်ပြီးသိမ်းဆည်းရမိလို့ ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးကနေ မူးယစ်ဆေးတွေ သယ်ဆောင်ခဲ့ပြီး တဆင့်လွှဲပြောင်းပေးခဲ့တဲ့ မြတ်မင်းကိုနဲ့ ပြည့်စုံအောင်တို့ကို နိုဝင်ဘာ ၂၇ ရက်က မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေရပ်ကွက်က တည်းခိုခန်းမှာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်ကနေ ရွှေပေါက္ကံမြို့သစ်က ဂိုဒေါင်ထဲကို မူးယစ်ဆေးတွေသယ်ဆောင်ခဲ့တဲ့ ဇော်နိုင်ဦးနဲ့ နေမင်းကျော်ထွေးတို့ကို နိုဝင်ဘာ ၂၈ ရက်က Mitsubishi Fuso ဆီဘောက်ဆာကား ၁ စီးနဲ့အတူ ကျောက်ဆည်မြို့နယ်၊ သံရွာနားမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ထပ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ  ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ရန်ကုန်မြို့ကို ဆေးတွေ တာဝန်ခံသယ်ဆောင်သူ ကိုကိုကျော်ရဲနောင် ကို နိုဝင်ဘာ ၂၈ ရက်က လားရှိုးမြို့၊ ရပ်ကွက် ၁၂ က သူ့ရဲ့အိမ်မှာ Toyota Landcruiser ကား ၁ စီးနဲ့အတူ ထပ်ဖမ်းမိခဲ့ပါတယ်။

သူ့ဆီက ဖော်ထုတ်ချက်အရ ဆေးတွေသယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်တဲ့ နိုင်ဝင်းထွေး(ခ) အငယ်လေး၊ မျိုးဝင်း(ခ)မျိုးကြီး နဲ့ တင်ကိုကိုလင်း တို့ကို နိုဝင်ဘာ ၂၉ ရက်က လားရှိုးမြို့၊ ရပ်ကွက် ၁ မှာ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကွင်းဆက်ဖော်ထုတ်စစ်ဆေးချက်တွေအရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နေ အားချန်၊ ကိုစိုင်း(ခ)စိုင်းလေး၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖောင်းချောင်းကျေးရွာနေ ရဲစိုးဦး တို့ရဲ့ အစီအမံနဲ့ အဲဒီစိတ်ပြောင်းဆေးတွေကို ရန်ကုန်ကိုသယ်ပြီး ပင်လယ်ရေကြောင်းကတဆင့် မလေးရှားနဲ့ ထိုင်းရေပိုင်နက်ကို သယ်ဆောင်ရောင်းဝယ်တာလို့သိရပြီး သူတို့ကိုတော့ မမိသေးဘူးလို့ ဆိုပါတယ်။

Photo : CCDAC MYANMAR

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013