DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်ရန် ကုလအတည်ပြု
DVB
·
December 16, 2025
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်ရန် ကုလအတည်ပြု
Donate to DVB

ကုလသမဂ္ဂအထွေထွေညီလာခံမှာ  သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် အတည်ပြုလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ဒီဇင်ဘာ ၁၆ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက် နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးက မြန်မာနိုင်ငံ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး အစီရင်ခံစာပါ ဆုံးဖြတ်ချက်အရ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် တာဝန်ထမ်းဆောင်ဖို့ အတည်ပြုခဲ့တာလို့ ဆိုပါတယ်။ 

၆၁ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးမှာ အန်ဒိုရာ၊ ဘော့စ်ဝါနာ၊ တရုတ်၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ မလေးရှား၊ ရုရှား၊ ဆီနီဂေါ၊ ထရီနီဒက်၊ တိုဘာဂိုနဲ့ အမေရိကန်ပြည်ထောင်စု တို့ ဖွဲ့စည်းခန့်အပ်ထားတဲ့ အဖွဲ့ဝင် ၉ နိုင်ငံပါဝင်တဲ့ အရည်အချင်းစစ် ကော်မတီ (Credentials Committee) ရဲ့ အစီရင်ခံစာကို မဲမခွဲဘဲ တူညီဆန္ဒ (Consensus) နဲ့ အတည်ပြုချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကနေ ကိုယ်စားလှယ် တင်သွင်းမှု ၂ မျိုး လက်ခံရရှိထားတာကြောင့် ရွေးချယ်ခန့်အပ်မှုအတွက် စဉ်းစားဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားမည်ဟု ဆိုတဲ့ အဆိုပြုကို အရည်အချင်းစစ်ကော်မတီက လက်ခံခဲ့ပြီး အဲဒီအဆိုပြုချက်ကို ကော်မတီက မဲမခွဲဘဲ အတည်ပြုခဲ့တာလို့ ဆိုပါတယ်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို  ကုလသမဂ္ဂကတဆင့် နိုင်ငံတကာကို အသိပေးပြောကြားကာ အကြမ်းဖက် စစ်အာဏာရှင်စနစ်နဲ့ တရားမဝင် စစ်အာဏာသိမ်းမှုတို့ အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေး၊ မြန်မာပြည်သူတွေအပေါ်  ရက်စက်ကြမ်းကြုတ်မှုတွေ မရပ်မနား ကျူးလွန်နေတဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေကို  နိုင်ငံတကာရဲ့ တရားစီရင်မှုတွေကနေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေဖို့အတွက်  မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို သိရှိစေဖို့နဲ့ အရေးယူ ဆောင်ရွက်မှုများ ရှိလာစေဖို့ ဆက်လက်အားထုတ်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013