DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းတွင် တပ်စွဲမည့် နိုင်ငံစုံတပ်ဖွဲ့ကို ဥရောပ ဦးဆောင်မည်
DVB
·
December 16, 2025
ယူကရိန်းတွင် တပ်စွဲမည့် နိုင်ငံစုံတပ်ဖွဲ့ကို ဥရောပ ဦးဆောင်မည်
Donate to DVB

အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်အရ ယူကရိန်းမှာ တပ်စွဲမဲ့ နိုင်ငံစုံတပ်ဖွဲ့ကို ဥရောပခေါင်းဆောင်တွေက ဦးဆောင်သွားမှာဖြစ်ပြီး အမေရိကန်ကတော့ မြေပြင်တပ်ဖွဲ့ စေလွှတ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အခြားဥရောပ ၈ နိုင်ငံရဲ့  ပူးတွဲထုတ်ပြန်ချက်အရ “Coalition of the willing” မဟာမိတ်တပ်ဖွဲ့တွေဟာ ယူကရိန်းစစ်တပ် အင်အားပြန်လည်ဖြည့်တင်းရေးနဲ့ လေကြောင်း၊ ရေကြောင်းလုံခြုံရေးတွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၁၅ ရက်က ဘာလင်မြို့ဆွေးနွေးပွဲမှာ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ်၊ ယူကရိန်းသမ္မတ ဗိုလာဒီမာ ဇလန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပြီး လက်ရှိအချိန်ဟာ ငြိမ်းချမ်းရေးနဲ့ အနီးစပ်ဆုံးအခြေအနေ ရောက်နေပြီလို့ ဂျာမနီဝန်ကြီးချုပ်က ပြောပါတယ်။

ဒီအဆိုပြုချက်မှာ နေတိုးမဟာမိတ်တွေ ရရှိထားသလိုမျိုး ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေ ပါဝင်မယ်ဆိုရင် နေတိုးအဖွဲ့ဝင်ဖို့ ကြိုးပမ်းနေတာကို လက်လျှော့ဖို့ အသင့်ရှိကြောင်း သမ္မတ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေကိစ္စတွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေဆဲ ဖြစ်သလို၊ သမ္မတ ထရမ့်ပ်ကတော့ ဒီနယ်မြေတွေကို ယူကရိန်းဘက်က လက်လွှတ်ဆုံးရှုံးလိုက်ရပြီလို့ မှတ်ချက်ပြုထားပါတယ်။ 

သမ္မတ ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး အခြေအနေ တိုးတက်မှုရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ဥရောပခေါင်းဆောင်တွေဟာ ဒီဇင်ဘာ ၁၆ ရက်မှာ နယ်သာလန်နိုင်ငံ The Hague မြို့မှာ ဆက်လက်တွေ့ဆုံပြီး ရုရှားကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးရလိုမှု ကော်မရှင်ဖွဲ့ဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ပ်အနေနဲ့ ဒီငြိမ်းချမ်းရေးအစီအစဉ်ကို လာမယ့် ခရစ္စမတ်ကာလအမီ အပြီးသတ်ဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013