DVB Logo
Home
နိုင်ငံတကာ
ချီလီသမ္မတရွေးကောက်ပွဲတွင် ထရမ့်ပ်ဝါဒီ ကိုယ်စားလှယ်လောင်း အနိုင်ရ
DVB
·
December 15, 2025
ချီလီသမ္မတရွေးကောက်ပွဲတွင် ထရမ့်ပ်ဝါဒီ ကိုယ်စားလှယ်လောင်း အနိုင်ရ
Donate to DVB

ချီလီနိုင်ငံရဲ့ ရွေးကောက်ပွဲ ဒုတိယအကျော့မှာ လက်ယာယိမ်း ကိုယ်စားလှယ်လောင်း ဟိုဆေး အန်တိုနီယိုကတ်စ်က အနိုင်ရပြီး သမ္မတတာဝန်ကို ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဒါဟာ ကတ်စ်အတွက် တတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မှုဖြစ်ပြီး ဒီတခေါက် ရွေးကောက်ပွဲကို ပြည်တွင်း လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ရာဇဝတ်မှုလျော့ပါးရေး စတဲ့ အကြောင်းအရာတွေက လွှမ်းမိုးထားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄ ရက် ရွေးကောက်ပွဲမှာ အာဏာရ ညွန့်ပေါင်းအဖွဲ့ရဲ့ လက်ဝဲယိမ်း ကိုယ်စားလှယ်လောင်း ဂျနတ် ဟာရာကို ကတ်စ်က မဲဆန္ဒစုစုပေါင်းရဲ့ ၅၈ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အနိုင်ယူခဲ့တာပါ။

ဒါဟာ ၁၉၉၀ ပြည့်နှစ်အတွင်း ချီလီနိုင်ငံမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီးနောက် လက်ယာယိမ်းဝါဒဘက် တိမ်းညွှတ်လာတဲ့ အကြီးမားဆုံးအပြောင်းအလဲ ဖြစ်ပါတယ်။

၁၇ နှစ်ကြာ ချီလီနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဟောင်း ဩဂတ်စ်တို ပီနိုချေးနဲ့ ပတ်သက်ပြီး ကတ်စ်က ပွင့်ပွင့်လင်းလင်း ချီးကျူးခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါ့အပြင် ကတ်စ်နဲ့ ညီအစ်ကိုတော်စပ်သူဟာ ပီနိုချေး လက်ထက်မှာ ဝန်ကြီးတယောက်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

အဲဒီနောက် ကတ်စ်ရဲ့ ပထမဆုံး ရွေးကောက်ပွဲအနိုင်ရ မိန့်ခွန်းအတွင်း “ချီလီနိုင်ငံဟာ ဒုက္ခသုက္ခတွေ၊ ရာဇဝတ်မှုတွေ၊ အကြောက်တရားတွေကနေ တဖန်ပြန်လည်လွတ်မြောက်တော့မှာပါ” ဆိုပြီး ထောက်ခံသူတွေကို ပြောသွားပါတယ်။

တချိန်တည်းမှာ ကတ်စ်က ဒေါ်နယ်ထရမ့်ပ်ကို လေးစားအားကျသူ ဖြစ်တဲ့အလျောက် အမေရိကန်သမ္မတဟာ ရင်းနှီးတဲ့မဟာမိတ် ဖြစ်လာနိုင်သလို မူဝါဒအရလည်း တူညီမှုရှိကြတာ တွေ့ရပါတယ်။

ဥပမာအားဖြင့် ချီလီနယ်စပ်တလျှောက်မှာ တံတိုင်းကြီးတည်ဆောက်ဖို့၊ အမြင့်ဆုံးလုံခြုံရေးနဲ့ အကျဉ်းထောင်တွေ ပေါ်ပေါက်လာစေဖို့၊ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ သိန်းနဲ့ချီပြီး နှင်ထုတ်ဖို့နဲ့ သိသာထင်ရှားတဲ့ အသုံးစရိတ် လျှော့ချမှုတွေ ဖော်ဆောင်သွားမယ်လို့ ကတိပြုထားတာမျိုးပါ။

ဒါပေမဲ့လည်း တောင်အမေရိကရဲ့ အလုံခြုံဆုံးနဲ့ အတည်ငြိမ်ဆုံး နိုင်ငံတွေထဲမှာ ချီလီလည်း ပါဝင်တာကြောင့် ကတ်စ်ရဲ့ ကတိကဝတ်ဟာ ချဲ့ကားရာရောက်ကြောင်း ဝေဖန်ပြောဆိုထားပါတယ်။

၁၉၇၃ ခုနှစ်မှာ အမေရိကန်ရဲ့ ထောက်ခံချက်အရ ပီနိုချေးက စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့အပြင် စစ်အာဏာရှင်စနစ်ပါ ထူထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတယောက် ဖြစ်ပါတယ်။

လာမဲ့ ၂၀၂၆ မတ် ၁၁ ရက်မှာ ချီလီသမ္မတအဖြစ် ကတ်စ်က ကျမ်းသစ္စာ ကျိန်ဆိုရဖို့ ရှိနေပါတယ်။

ဒါကြောင့် မကြာသေးခင် နှစ်ပိုင်းအတွင်း အာဂျင်တီးနား၊ အီကွေဒေါ၊ ကော်စတာရီကာနဲ့ အယ်လ်ဆာဗေးဒိုး အပါအဝင် လက်တင်အမေရိကဒေသမှာ ချီလီဟာ လက်ယာယိမ်းဝါဒီတွေ အောင်ပွဲခံနိုင်ခဲ့တဲ့ နောက်ဆုံးနိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013