DVB Logo
Home
အားကစား
အန္တာတိကရေခဲပြင် မာရသွန်ပြေးပွဲ၌ အမျိုးသမီးအပြေးမယ် ပထမဆုံးအကြိမ် ဗိုလ်စွဲ 
DVB
·
December 15, 2025
အန္တာတိကရေခဲပြင် မာရသွန်ပြေးပွဲ၌ အမျိုးသမီးအပြေးမယ် ပထမဆုံးအကြိမ် ဗိုလ်စွဲ 
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အကြိမ် ၂၀ မြောက် အန္တာတိကရေခဲပြင် မာရသွန်ပြိုင်ပွဲမှာ ဩစတြေးလျအပြေးမယ် ဒရိုင်ဒေးက ဗိုလ်စွဲသွားပြီး ပြိုင်ပွဲသမိုင်းတလျှောက် အမျိုးသမီး ပထမဆုံးချန်ပီယံ ပေါ်ထွက်ခဲ့တာပဲ ဖြစ်ပါတယ်။

အပူချိန် အနုတ် ၁၅ ဒီဂရီမှာ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး လေပြင်းတိုက်ခတ်မှုတွေကို ရင်ဆိုင်ကာ ယှဉ်ပြိုင်ရတဲ့ ခက်ခဲတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ 

ဒရိုင်ဒေးက “ဒီပြိုင်ပွဲက ကျမ လုပ်ဖူးသမျှအရာအားလုံးထက် အရမ်းခက်ခဲပါတယ်။ မာရသွန်ပြိုင်ပွဲတွေ ပြိုင်ဖူးပေမဲ့ ဒီပြိုင်ပွဲက အရမ်းခက်တဲ့ပြိုင်ပွဲပါ။ ဒီပြိုင်ပွဲမှာ အကူအညီပေးရေးနေရာတွေနဲ့ လူတွေရဲ့ ပံ့ပိုးမှုက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အခုတော့ အရမ်းချမ်းနေပါတယ်” လို့ ပြောပါတယ်။

ဒရိုင်ဒေးဟာ ၃ နာရီ ၄၈ မိနစ် ၄၃ စက္ကန်နဲ့ ပန်းဝင်ခဲ့တာဖြစ်ပြီး ဒုတိယဆုကို ရုရှားနိုင်ငံသား နာဇာရော့ဗ်က ရရှိခဲ့ကာ တတိယဆုကို ဘယ်ဂျီယံနိုင်ငံက ရရှိခဲ့ပါတယ်။

ကမ္ဘာ့ တောင်ဘက်စွန်း မာရသွန်ပြိုင်ပွဲကို နိုင်ငံပေါင်း ၂၀ က ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၄၂ ဒသမ ၂ ကီလိုမီတာ အကွာအဝေးကို ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။

ဒီနေရာဟာ တောင်ဝင်ရိုးစွန်းကနေ မိုင် ၆၀၀ အကွာမှာရှိတဲ့ ယူနီယံဂလာစီယာမှာ ကျင်းပတာဖြစ်ပါတယ်။

အန္တာတိကတိုက်ရေခဲပြင်မာရသွန်ကို ၁၉၉၅ ခုနှစ်မှာ စတင်ကျင်းပတာဖြစ်ပြီး ၄၂ ကီလိုမီတာ အကွာအဝေးကို ယှဉ်ပြိုင်ရတဲ့ ခက်ခဲတဲ့ ပြိုင်ပွဲတဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ မာရသွန် အပြေးသမားတွေရဲ့ ရဲရင့်မှုကို ပြသရတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။​

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013