DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် တရက်အတွင်း ကားအစီး ၈၀ ကျော် ဖမ်းဆီးခံရ
DVB
·
December 14, 2025
တောင်ကြီးတွင် တရက်အတွင်း ကားအစီး ၈၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ တရက်တာအတွင်း လိုင်စင်မဲ့ ကားအစီးရေ ၈၀ ကျော်ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေအေးကွင်းရပ်ကွက်၊ ခိုင်မေတ္တာဆေးရုံအနီးတဝိုက်၊ အေးစေတီအတက် သုံးလမ်းဆုံအနီး၊ ဇွန်စတိုးအနီးတို့မှာ လိုင်စင်မဲ့ကားတွေကို ယာဉ်ထိန်းရဲ၊ စစ်တပ်နဲ့ ရဲတို့ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ပြန်ရွေးလို့မရဘူးလို့ သိရပါတယ်။

မြို့ခံအမျိုးသမီးတယောက်က “အရမ်းဖမ်းတာဟုတ်တယ်၊ အမမျက်စိရှေ့မှာ အများကြီးပါသွားတာ။ ကားတန်းက တန်းထားတာအရှည်ကြီး။ အေးစေတီအတက်နားရယ်၊ ဗိုလ်ချုပ်လမ်းပေါ်က ဇွန်စတိုးနားမှာရယ် နှစ်ခေါက်တွေ့တယ်” လို့ ပြောပါတယ်။

ခိုင်မေတ္တာဆေးရုံအနီးနားမှာ ဖမ်းဆီးခံရတဲ့ကားတွေက ဆေးရုံလာပြတဲ့လူနာတွေရဲ့ မိသားစုဝင်တွေ၊ စစ်ရှောင်ပြည်သူတွေရဲ့ကားတွေ ဖြစ်ပြီး ကားဖမ်းဆီးခံရတဲ့အတွက် အခက်အခဲတွေ ကြုံရတယ်လို့ သိရပါတယ်။

နှစ်ကုန်စီမံချက်အနေနဲ့ ဖမ်းဆီးတာတွေ တင်းကျပ်နေတာကြောင့် လိုင်စင်မဲ့ကားတွေ အသုံးမပြုကြဖို့ကိုလည်း မြို့ခံအချင်းချင်း အသိပေးကြတာတွေရှိပါတယ်။

စစ်တပ်က စီမံကိန်းအနေနဲ့ လိုင်စင်မဲ့ကားတွေကို ဇွန်လလောက်စပြီး မကြာခဏဖမ်းဆီးနေသလို စစ်တပ်နဲ့ပတ်သတ်သူတွေက ပြန်ရွေးလို့ရပြီး စစ်ဘေးရှောင်နဲ့ မြို့ခံတွေကတော့ ပြန်ရွေးလို့မရဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း တောင်ကြီးမြို့ရဲ့ မြို့အဝင်အထွက်နေရာတွေ၊ အထင်ကရနေရာတွေမှာ ယာဉ်ထိန်းရဲ၊ စစ်တပ်နဲ့ ရဲတို့ ပူးပေါင်းပြီး လိုင်စင်မဲ့ကား အစီးရေ ၁၀၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013