DVB Logo
Home
မြန်မာသတင်း
မုံရွာ နမခ တွင် ဂျိုင်ရိုကော်ပတာ ၁ စင်း ပျက်ကျပြီး မောင်းသူ ၂ ဦး သေဆုံး
DVB
·
December 14, 2025
မုံရွာ နမခ တွင် ဂျိုင်ရိုကော်ပတာ ၁ စင်း ပျက်ကျပြီး မောင်းသူ ၂ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ဂျိုင်ရိုကော်ပတာ ၁ စင်း ပျက်ကျခဲ့ပြီး မောင်းသူ ၂ ယောက် သေဆုံးတယ်လို့ သိရပါတယ်။

မုံရွာမြို့နယ် ပလဖ တာဝန်ခံ ကိုအာကူး က “နမခ ထဲမှာပဲ ဂျိုင်ရိုကော်ပတာ ၁ စင်း ပျက်ကျပြီးတော့ သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်ဗျ” လို့ ပြောပါတယ်။

မုံရွာ နမခ ထဲမှာ အရက ဂျိုင်ရိုကော်ပတာ ၅ စင်း ရှိနေပြီး အခု ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မိတ္ထီလာ ရှမ်းတဲကနေ နမခ ထဲကို ဂျိုင်ရိုကော်ပတာ အသစ် ၃ စင်း ထပ်ရောက်ထားတယ်လို့လည်း သိရပါတယ်။

မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့သိရသလောက်တော့ အဲဒီအချိန် ဒီပဲယင်းဘက်မှာလေကြောင်းတိုက်ခိုက်​ပြီးပြန်လာတဲ့ ၂ စင်း ဆင်းတယ်။ နောက်တစင်းကလည်း အတက်အဆင်း ၂ ကြိမ်လောက်လုပ်နေရင်း မီးပွားတွေထွက်ပြီး ခေါင်းငိုက်စိုက်ထိုးနဲ့ နမခ ထဲပဲ ပျက်ကျတာမှာ ယာဉ်မောင်း ၂ ယောက်လုံး သေတယ်လို့ ​မျက်မြင်တွေဆီကနေ သတင်းပို့လာတယ်​” လို့ DVB ကို ပြောပါတယ်။

မုံရွာ နမခ ထဲက ဂျိုင်ရိုကော်ပတာတွေဟာ ၁ ကြိမ်ပျံတက်ရင် ၃ စင်းနှုန်းနဲ့ မုံရွာမြို့နယ်အနီးတဝိုက်၊ ပေါက်၊ ကနီ၊ ဝက်လက်၊ မြင်းမူမြို့နယ်အထိ လေကြောင်းတိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

မုံရွာ နမခ အတွင်း ဂျိုင်ရိုကော်ပတာပျက်ကျခဲ့တာနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ကလည်း မုံရွာ နမခ ထဲကတက်လာတဲ့ စက်တပ်လေထီး ၁ စင်း မုံရွာ နမခ အနီး ပျက်ကျခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013