DVB Logo
Home
မြန်မာသတင်း
သုံးစွဲရန်မသင့်သည့် ပိုးသတ်ဆေး ၂ မျိုးကို ၂ နှစ်တာ ပိတ်ပင်
DVB
·
December 14, 2025
သုံးစွဲရန်မသင့်သည့် ပိုးသတ်ဆေး ၂ မျိုးကို ၂ နှစ်တာ ပိတ်ပင်
Donate to DVB

အဆိပ်ရှိတဲ့ ပိုးသတ်ဆေး ၂ မျိုးဖြစ်တဲ့ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေးတို့ကို ၂ နှစ်တာ ပိတ်ပင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က  ဒီဇင်ဘာလ ၉ ရက် ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။ 

အဲဒီဆေး ၂ မျိုးကို ပဲတီစိမ်း၊ မတ်ပဲ အများဆုံးစိုက်ပျိုးတဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့မှာ မသုံးစွဲဖို့ ပိတ်ပင်လိုက်တာဖြစ်ပြီး ပိတ်ပင်ထားတဲ့ ၂ နှစ်တာ ကာလအတွင်း  ဘယ်အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကကမှ  ဖြန့်ဖြူး၊ ရောင်းချ၊ သုံးစွဲတာကို  ခွင့်မပြုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံဟာ နှစ်စဉ် လက်ယာထွက်ကုန်သီးနှံအမယ်ပေါင်း ၆၀ ကျော် စိုက်ပျိုးထုတ်လုပ်နေတာမှာ  အဲဒီထဲက ၂၁ ရာခိုင်နှုန်းကျော်ဟာ ပဲမျိုးစုံ ၁၉ မျိုး ဖြစ်ပြီး စိုက်ဧကရဲ့ ၇၀ ရာခိုင်နှုန်းဟာ မတ်ပဲ၊ ပဲတီစိမ်းတို့ ဖြစ်ပါတယ်။ 

နှစ်စဉ် မတ်ပဲ တင်ပို့မှုဟာ တန်ချိန် ၄ ဒသမ ၆ သိန်းကနေ ၆ ဒသမ ၇ သိန်းအထိရှိပြီး အိန္ဒိယနိုင်ငံကို အဓိက တင်ပို့နေတာဖြစ်ပါတယ်။ 

အဲဒီလို စိုက်ပျိုးရေးထွက်ကုန်တွေ ပြည်ပကို တင်ပို့နေရာမှာ မကြာခဏဆိုသလို မြန်မာနိုင်ငံက တင်ပို့တဲ့ စိုက်ပျိုးရေးထွက်ကုန်တွေမှာ ပိုးသတ်ဆေး၊ သို့မဟုတ် ဓာတု ဓာတ်ကြွးတွေတွေ့ရှိရကြောင်း သတင်းတွေ မကြာခဏ ထွက်ပေါ်လာလေ့ ရှိပါတယ်။ 

တရုတ်ဆီကို မြန်မာကုမ္ပဏီတွေကနေ တင်ပို့တဲ့ ပဲတီစိမ်း တန်ချိန် ၁၀,၀၀၀ ကျော်မှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေ တွေ့ရှိရတဲ့အတွက် ပဲတီစိမ်း တင်ပို့တဲ့ မြန်မာကုမ္ပဏီ ၂၂ ခုကို တရုတ်ဘက်ကနေ ပဲတင်သွင်းခွင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ယာယီရပ်ဆိုင်းခဲ့ဖူးပါတယ်။ 

ဒါ့အပြင် မကြာသေးခင်ကလည်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တင်ပို့ခဲ့တဲ့ ငရုတ်သီးတွေမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ မှိုအဆိပ် ဓာတ်ကြွင်းတွေ တွေ့ရှိလာတာကြောင့် နောက်ပိုင်းကာလမှာ တင်ပို့မဲ့ ငရုတ်သီးတွေကို အရည်အသွေး ဓာတ်ခွဲစစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုမယ်လို့ စစ်ကောင်စီ စိုက်ပျိုးရေး ဦးစီးဌာနက ကြေညာထားပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လအထိ စာရင်းတွေအရ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဟာ ပိုသတ်ဆေး အမျိုးပေါင်း ၅၅ မျိုးကို တားမြစ်ပိတ်ပင်ထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013