DVB Logo
Home
နိုင်ငံတကာ
ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အပစ်ရပ်သဘောတူညီကြောင်း ထရမ့်ပ်ပြော 
DVB
·
December 13, 2025
ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အပစ်ရပ်သဘောတူညီကြောင်း ထရမ့်ပ်ပြော 
Donate to DVB

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းကစပြီး ပစ်ခတ်တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့ သဘောတူညီခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ဒီဇင်ဘာ ၁၂ ရက်က လူမှုမီဒီယာမှာ ပြောပါတယ်။

ထရမ့်ပ်ဟာ ထိုင်းဝန်ကြီးချုပ်  အနုထင်း ချန်းဝီရကွန်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့နဲ့ သူတို့ရဲ့ ပြန်လည်ဖြစ်ပွားနေတဲ့ ကာလကြာစစ်ပွဲနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး နှစ်ဖက်စလုံးက ပဋိပက္ခကို အဆုံးသတ်ဖို့ သဘောတူညီခဲ့ကြကြောင်း ထရမ့်ပ်က သူ့ရဲ့ Truth  လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

၂ နိုင်ငံစလုံးဟာ ငြိမ်းချမ်းရေးနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်လက်ကုန်သွယ်မှုအတွက် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ထပ်လောင်းပြောပါတယ်။ 

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ အခုနှစ်အစောပိုင်းက  အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ အကူအညီနဲ့ ကြားဝင်စေ့စပ်ပေးခဲ့တဲ့  မူလငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြန်လည်ရောက်ရှိဖို့ သဘောတူညီခဲ့ကြောင်းလည်း ထရမ့်ပ်က ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ တိုက်ပွဲ ၅ ရက်မြောက်ပြီးနောက်မှာ သမ္မတ  ထရမ့်ပ်ဟာ အခုနှစ်အစောပိုင်းက သူကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို  ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ၂ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီးနောက်မှာ ထုတ်ပြန်လိုက်တာပါ။

ထရမ့်ပ်ရဲ့ လေသံဟာ နာရီပိုင်းအလိုက ထိုင်းဝန်ကြီးချုပ်အနုထင်းရဲ့ လေသံနဲ့ ကွဲပြားပြီး သူက ဖုန်းခေါ်ဆိုမှုဟာ အဆင်ပြေခဲ့ပါတယ်လို့ ပြောခဲ့ပေမဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေကြား တိုက်ပွဲတွေ ရပ်တန့်ဖို့ သဘောတူညီချက်ကို ဖော်ပြခြင်း မရှိပါဘူး။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကတော့ ဒီဇင်ဘာ ၁၃ ရက်မှာ သူ့နိုင်ငံနဲ့ ထိုင်းနိုင်ငံအကြား ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေမှာ "ဘယ်ဘက်က အရင်စတင်ပစ်ခတ်တယ် ဆိုတာကို အတည်ပြုပေးဖို့" အမေရိကန်နဲ့ မလေးရှားနိုင်ငံတို့ကို တောင်းဆိုခဲ့ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ ကြေညာချက်မှာ မာနက်က ထရမ့်ပ်နဲ့ ဖုန်းခေါ်ဆိုမှုနဲ့ မလေးရှားခေါင်းဆောင် အန်ဝါအီဘရာဟင်နဲ့ အစောပိုင်း ဆွေးနွေးမှုတွေကို ရည်ညွှန်းထားပြီး ကမ္ဘောဒီးယားဟာ အောက်တိုဘာလက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အစောပိုင်း သဘောတူညီချက်နဲ့အညီ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

စနေနေ့ မနက်ပိုင်းမှာ တိုက်လေယာဉ်တွေ အပါအဝင် ထိုင်းတပ်ဖွဲ့တွေဟာ အငြင်းပွားနေတဲ့ နယ်စပ်တလျှောက်ရှိ ပစ်မှတ်တွေကို ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း ကမ္ဘောဒီးယားက ပြောကြားခဲ့ပြီး အဲဒါကလည်း ထရမ့်ပ်က အပစ်အခတ်ရပ်စဲရေးအသစ်တခုကို ကြားဝင်ညှိနှိုင်းပေးခဲ့တယ်လို့ ပြောဆိုခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ဖြစ်ပါတယ်။ 

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ဟာ ဒီဇင်ဘာ ၈ ရက်ကတည်းက သူတို့ရဲ့ အငြင်းပွားနေတဲ့ ၈၁၇ ကီလိုမီတာ (၅၀၈ မိုင်) နယ်စပ်တလျှောက် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်တဲ့ နေရာအများအပြားမှာ ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ ပစ်ခတ်နေခဲ့တာပါ။

Photo: Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013